close

ကျဆုံးရဲဘော်များအတွက် နှစ်ဆတိုး အလုပ်လုပ်ကြရန် NUG ကာကွယ်ရေးဝန်ကြီး တိုက်တွန်း

မြန်မာ့နွေဦးတော်လှန်ရေးမှာ အထိန်းသိမ်းခံရသူတွေနဲ့ ကျဆုံးရဲဘော်တွေအတွက် ဆက် လက်ပြီးတော့ တိုက်ပွဲဝင်သွားကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးရည်မွန်က နှိုးဆော်ထားပါတယ်။

“အထိန်းသိမ်းခံရသူများ ကိုယ်စား၊ ကျဆုံးရဲ​ဘော်များ ကိုယ်စား၊ သက်ရှင်လွတ်လပ်​နေ​သေးတဲ့ ကျနော်တို့တ​တွေ နှစ်ဆတိုး အလုပ်လုပ်ကြမယ်။ နှစ်ဆတိုး ရဲရင့်ကြမယ်လို့ သစ္စာပြုပါတယ်”

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ကာ အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော်အာ ဏာသိမ်းယူခဲ့မှုကို ပြည်သူတရပ်လုံးက ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ နွေဦးတော်လှန်ရေး ဟာ ၉ လခွဲကျော်ကြာမြင့်လာခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း စစ်အုပ်စုရဲ့ အကြမ်းဖက်နှိမ်နင်းမှုတွေကြောင့် ကျဆုံးရသူတွေ၊ ဖမ်း ဆီးနှိပ်စက်ခံရသူတွေဟာလည်း ထောင်သောင်းချီ ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ခုရက်ပိုင်းမှာ မြို့ပြပြောက်ကျားတော်လှန်ရေး ဆင်နွှဲနေတဲ့ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်တချို့ ဖမ်းဆီးခံလိုက်ရတာနဲ့ ပတ်သက်ပြီး ပြည်သူတွေအနေနဲ့ တော်လှန် ရေးကို ပြီးဆုံးတဲ့အထိ ဆက်သွားကြဖို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းထားတာ ဖြစ်ပါတယ်။

“စစ်​မြေပြင်မှာ အသက်​ပေးသွားတဲ့ ရဲ​ဘော်​တွေရှိတယ်။ ​ခြေလက်အင်္ဂါ စွန့်လှုသွားတဲ့ ရဲ​ဘော်​တွေ ရှိတယ်။ မြို့ပြရဲ့ အန္တရယ်​တွေကြားမှာ သူမတူတဲ့ သူရသတ္တိနဲ့ ရုန်းကန် လှုပ်ရှားရင်း ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ရဲ​ဘော်​တွေ ၊ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံရတဲ့ ရဲ​ဘော်​တွေ ရှိတယ်။ တစ်​ယောက် အထိန်းသိမ်းခံရတိုင်း၊ တစ်​ယောက် ကျဆုံးတိုင်း ကျနော်တို့ ​ကြေကွဲကြရတယ်။ ဝမ်းနည်းမဆုံး ဖြစ်ကြရတယ်။ သို့​သော် ဒီ​တော်လှန်​ရေးက ဆုံး​အောင် သွားရမယ့် ခရီးပါ။အဆုံးထိသွားဖို့ ဆုံးဖြတ်ထားတဲ့ ရဲ​ဘော်​တွေ၊ ပြည်သူ​တွေ သိန်းသန်းချီ ရှိ​နေတယ်လို့ ယုံတယ်။ဒီတစ်ခါသန္နိဋ္ဌာန်က ​သေချာတယ်”

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီအနေနဲ့ မြန်မာပြည်သူတွေအပေါ် မတရားဖမ်းဆီး သတ်ဖြတ် အကြမ်းဖက်လုပ်ရပ်တွေကို နေ့စဉ်ကျူးလွန်လုပ်ဆောင်နေတာမို့ NUG အစိုးရ က ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်ကစတင်ကာ အရေးပေါ်အခြေအနေ ကြေညာချက် ထုတ် ပြန်ကာ ခုခံတွန်းလှန်စစ်ပွဲ D-Day စတင်ကြောင်း ကြေညာထားခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံ ဒေသအနှံ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေပြီး နေရပ်စွန့်ခွာထွက် ပြေးရသူတွေ၊ အသက်ပေးခဲ့ရတဲ့ ပြည်သူတွေလည်း တနေ့တခြား များပြားလာနေခဲ့တာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၉ လခွဲကျော်အကြာ အကြမ်းဖက် စစ်တပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁,၂၇၅ ယောက်နဲ့ ဖမ်းဆီး ထိန်းသိမ်းခံရသူပေါင်း ၁ သောင်းကျော်ထိရှိလာပြီလို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up