close

အမေဇုန်တော ပြုန်းတီးမှု ဘရာဇီးသမ္မတ ဝန်ခံ၊ သစ်ဝယ်သည့်နိုင်ငံများကို ပြစ်တင်

ဘရာဇီးနိုင်ငံ အမေဇုန်တောမှာ သစ်တောပြုန်းတီးမှုနဲ့ တရားမဝင် တောမီးလောင်ကျွမ်းမှုတို့ကို နိုဝင်ဘာလ ၁၉ ရက်မှာ ဘရာဇီးသမ္မတ Jair Bolsonaro က ဝန်ခံခဲ့ပါတယ်။

ဒါပေမယ့် အစိုးရကိုယ်တိုင်က မှတ်တမ်းတင်ထားတဲ့ ကိန်းဂဏန်းတွေကို အစီရင်ခံပြီး နောက်တစ်နေ့မှာပဲ ထုတ်ပြန်တဲ့ အချက်အလက် အချိုးအစားကို မေးခွန်းထုတ်ခဲ့ပါတယ်။

ဆိုရှယ်မီဒီယာကတဆင့် အပတ်စဉ် တိုက်ရိုက်ထုတ်လွှင့်မှုမှာ ဘော်ဆိုနာရိုဟာ အမေဇုန်သစ်တောပြုန်းတီးမှုနဲ့ မီးလောင်ကျွမ်းမှုအတွက် နိုင်ငံတကာ သစ်လိုအပ်ချက်ကိုလည်း အပြစ်တင် ပြောဆိုခဲ့ပါတယ်။ 

တရားမဝင် သစ်တောပြုန်းတီးမှု ရှိနေပြီး တခြားနိုင်ငံတွေက ဒီက သစ်တွေကို မဝယ်ရင် လွယ်သွားမှာပ်လို့ Bolsonaro က နိုဝင်ဘာ ၁၉ ရက်နေ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပြောကြားခဲ့ပါတယ်။ 

ဘော်ဆိုနာရိုဟာ အမေဇုန်သစ်တော မီးစွဲမှာမဟုတ်ဘူးဆိုတဲ့ စာတမ်းကို ထပ်ခါထပ်ခါ ပြောနေပြီး ပြည်ပကိုပျံ့နှံ့နေတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒကို ဝေဖန်ခြင်းဟာ နိုင်ငံရဲ့ပုံရိပ်နဲ့ စီးပွားရေးပတ်ဝန်းကျင်ကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။ 

နိုဝင်ဘာ ၁၈ ရက်က ဘရာဇီးရဲ့ အာကာသ သုတေသနအေဂျင်စီ INPE ဟာ နယူးယောက်စီးတီးရဲ့ ဧရိယာထက် ၁၇ ဆနီးပါး အကျယ်အဝန်းရှိတဲ့ ကမ္ဘာ့အကြီးဆုံး မိုးသစ်တောမှာ သစ်တောပြုန်းတီးမှု ၁၃၂၃၅ စတုရန်းကီလိုမီတာကို မှတ်တမ်းတင်ခဲ့ပါတယ်။ 

ဘရာဇီးနိုင်ငံရှိ အမေဇုန် မိုးသစ်တောက သစ်တောပြုန်းတီးမှုဟာ ၂၀၀၆ ခုနှစ်နောက်ပိုင်း  သစ်တောပြုန်းတီးမှု ၂၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း အစိုးရရဲ့၂၀၂၁ ခုနှစ် အစီရင်ခံစာအရ သိရပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up