close

ဒီးမော့ဆိုတိုက်ပွဲတွင် KNDF တပ်ဖွဲ့ဝင် ၄ ဦး ကျဆုံး

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ၆ မိုင်ကျေးရွာအနီးက ဟိုဖိတ်ကျေးရွာမှာ  နိုဝင်ဘာ ၂၅ ရက် ဒီနေ့ မနက် အစောပိုင်းက စစ်ကောင်စီတပ်နဲ့ KNDF တပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး KNDF တပ်ဖွဲ့ဝင် ၄ ယောက် ကျဆုံးသွားတယ်လို့   KNDF ပြောခွင့်ရသူက ဒီဗွီဘီကို ပြောပါတယ်။

ဒီမနက် ၅ နာရီကျော်လောက်က  စစ်ကြောင်းထိုးလားတဲ့စစ်ကောင်စီတပ်နဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့တာမှာ အခုလို ကျဆုံးခဲ့တာဖြစ်ပါတယ်။ 

KNDF ပြောခွင့်ရသူက “ မနက် အစောကြီးကတည်းက ပစ်ကြတာ။ ၅ နာရီကျော်လောက်ကတည်းက  မနက် ၅ နာရီကျော်မှာ စပြီးတော့ ပစ်တယ်။ မနက် ၉ နာရီမထိုးခင်မှာ ပြီးတယ်။ လက်နက်ကြီးတော့ အများကြီး ပစ်တာပေါ့လေ၊ အမြောက်တပ်ကကော။ ၄ ယောက်ကျတယ်၊ KNDF က။ ရန်သူဘက်  အခြေအနေတော့ ဘာမှ မသိရဘူး။ စစ်ကောင်စီက စစ်ကြောင်းထိုးလာတာ။ ပြီးတော့ ထိပ်တိုက်ဖြစ်တာ။ ”လို့ ပြောပါတယ်။

ကျဆုံးသွားတဲ့ KNDF တပ်ဖွဲ့ဝင် ၄ ဦးဟာ တပ်ရင်း ၉ ကဖြစ်ပြီး နာမည်အတိအကျတော့ မသိရသေးပေမယ့် သူတို့ကို မနက်ဖြန် သင်္ဂြိုဟ်ဖို့  အစီအစဉ်ရှိပါတယ်။ 

နိုဝင်ဘာ ၂၃ ရက်ကလည်း လွိုင်ကော်မြို့နယ်နဲ့ ဒီးမော့ဆိုမြို့နယ်မှာ တရက်တည်း တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅  ယောက်  သေဆုံးသွားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up