ရုရှား ကျောက်မီးသွေးတွင်း မတော်တဆမှုကြောင့် ၅၂ ဦး သေဆုံး

ရုရှားနိုင်ငံ Kemerovo ဒေသရှိ ကျောက်မီးသွေးတွင်းတစ်ခုမှာ နိုဝင်ဘာ ၂၅ ရက်က ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ကယ်ဆယ်ရေးသမား ၆ ဦး အပါအဝင် လူ ၅၂ ဦး သေဆုံးခဲ့ကြောင်း အရေးပေါ်ဝန်ကြီးဌာနက နိုဝင်ဘာ ၂၆ ရက်မှာ အတည်ပြုခဲ့ပါတယ်။
မိုင်းလုပ်သား ၄၆ ဦးနဲ့ မနေ့ညနေပိုင်းက သူတို့ကို ကယ်ဆယ်မယ့်လမ်းမှာပဲ မိုင်းတွင်း ကယ်ဆယ်ရေးလုပ်သား ၆ ဦး သေဆုံးခဲ့တာဖြစ်ပြီး အဲဒီမှာ တစ်ယောက်မှ အသက်ရှင်ကျန်ရစ် မရှိနိုင်ဘူးလို့ ရုရှားအရေးပေါ် ဝန်ကြီးဌာနရဲ့ကိုယ်စားလှယ်က ပြောကြားခဲ့ပါတယ်။
ပေါက်ကွဲမှုအန္တရာယ်ကြောင့် မိုင်းတွင်းလုပ်သား ၃ ဦးနဲ့ ကယ်ဆယ်ရေးသမား ၃ ဦးရဲ့ရုပ်အလောင်းတွေကို မြေပြင်ပေါ် ပို့ဆောင်ပေးခဲ့ပြီး ကယ်ဆယ်ရေး ကြိုးပမ်းမှုတွေကို ရပ်တန့်ဖို့ တွန်းအားပေးခံခဲ့ရတဲ့ အရေးပေါ်လုပ်သားတွေက ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ခဲ့တာပါ။
မိုင်းတွင်း ကယ်ဆယ်ရေးသမား ၁၁ ဦးကို ဆေးရုံတင်ထားပြီး ၁ ယောက်က ဦးခေါင်းဒဏ်ရာ၊ ၁၀ ယောက်က ဓာတ်ငွေ့ အဆိပ်သင့်တယ်လို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး Sergei Tsivilyov က ပြောပါတယ်။
Listvyazhnaya သတ္တုတွင်း ညွှန်ကြားရေးမှူးနဲ့ သူ့ရဲ့လက်ထောက်အပါအဝင် အခြားလူသုံးဦးကို နိုဝင်ဘာ ၂၆ ရက် နှောင်းပိုင်းမှာ ဖမ်းဆီးခဲ့ပြီး မကြာခင် တရားစွဲဆိုမယ်လို့ ဆိုပါတယ်။
အခုဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်ဆေးရေးမှူးတွေဟာ နိုဝင်ဘာလ မိုင်းလုံခြုံရေးအတွက် ဘေးကင်းကြောင်း လက်မှတ်ထုတ်ပေးခဲ့ပေမယ့် စက်ရုံကို အမှန်တကယ် စစ်ဆေးခြင်းမရှိကြောင်း ကြီးလေးတဲ့ ရာဇ၀တ်မှုတွေကို စုံစမ်းစစ်ဆေးတဲ့အဖွဲ့ဖြစ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မတီက ပြောကြားခဲ့ပါတယ်။