လာပယ်မာကျွန်း မီးတောင် ဆက်လက်ပေါက်ကွဲ၊ လေထုအရည်အသွေး စောင့်ကြည့်

စပိန်စစ်တပ် အရေးပေါ်တပ်ဖွဲ့ဝင်တွေဟာ လာပယ်မာကျွန်းပေါ်က ကမ်ဘရေဗေးဂျာ မီးတောင် ပတ်လည်မှာ လေထုအရည်အသွေးကို နိုဝင်ဘာ ၃၀ ရက်က စောင့်ကြည့်နေပါတယ်။
မီးတောင်က ၇၂ ရက်မြောက် ဆက်လက် ပေါက်ကွဲနေတာဖြစ်ပြီး မီးတောင်ကနေ စီးထွက်လာတဲ့ ချော်ရည်တွေဟာ နိုဝင်ဘာ ၃၀ ရက်မှာ ပိုများတဲ့အိမ်တွေကို ဖျက်ဆီးခဲ့ပါတယ်။
လေထုထဲက အဆိပ်ဓာတ်ငွေ့သိပ်သည်းဆဟာ မြင့်မားတဲ့အဆင့်မှာ ရှိနေတုန်းပဲလို့ မီးတောင်ကျွန်း အရေးပေါ် စီမံကိန်း အာဏာပိုင်တွေက ပြောပါတယ်။
ကျွန်းရဲ့ ဒေသန္တရအာဏာပိုင်တွေက “ချော်ရည်တွေဟာ ကျွန်းပေါ်က မြေ ၁၁၁၅ ဟက်တာနဲ့ ညီမျှတဲ့ ဧက ၂၇၈၀ ကို ဖုံးလွှမ်းခဲ့ပြီး အဆောက်အအုံ ၂၇၀၀ နီးပါးကို ဖျက်ဆီးခဲ့ပြီးပြီ။ လူထောင်ချီဟာ ကျွန်းပေါ်က သူတို့အိမ်တွေကနေ ဘေးကင်းရာ ရွှေ့ပြောင်းခဲ့ရတယ်”လို့ ပြောပါတယ်။
စက်တင်ဘာ ၁၉ ရက်က စတင်ပေါက်ကွဲခဲ့တဲ့ မီးတောင်ဟာ ခုထိ လှုပ်ရှားနေဆဲဖြစ်ပြီး လျော့သွားမယ့် လက္ခဏာမပြသေးဘူးလို့ ပညာရှင်တွေက ပြောထားပါတယ်။