လာပယ်မာကျွန်း မီးတောင် ချော်ရည်များ အတ္တလန္တိတ်သမုဒ္ဒရာထဲ စီးဝင်ရန် နီးကပ်လာ

စပိန်နိုင်ငံ လာပယ်မာကျွန်းပေါ်က ကမ်ဘရေဗေးဂျာ မီးတောင်ကနေ စီးထွက်လာတဲ့ ချော်ရည်တွေဟာ နိုဝင်ဘာ ၂၂ ရက်က အဖြူရောင် အခိုးအငွေ့တွေ အူထနေပြီး အတ္တလန္တိတ်သမုဒ္ဒရာထဲကို စီးဝင်ဖို့ နီးကပ်လာနေပါတယ်။
ချော်ရည်စီးကြောင်းဟာ လာလဂုနာရွာနားက တောင်တလုံးကနေ စီးထွက်သွားခဲ့တာ တွေ့ရတာပါ။
စက်တင်ဘာလလယ်က မီးတောင် စတင်ပေါက်ကွဲချိန်ကနေ ခုထိအတွင်း ချော်ရည်တွေဟာ အဆောက်အအုံ ၂၀၀၀ ကျော်ကို ဖျက်ဆီးခဲ့ပြီး ထောင်ချီတဲ့ လူတွေဟာလည်း ကြိုတင်သတိထားတဲ့အနေနဲ့ သူတို့အိမ်တွေကနေ ဘေးကင်းရာဆီကို ရွှေ့ပြောင်း သွားခဲ့ကြရပါတယ်။
ဒီအတွက် အကူအညီအနေနဲ့ အမေရိကန်ဒေါ်လာ သန်း ၂၆၀ ပေးဖို့ အစိုးရက အရင်လက ကတိပြုခဲ့ပါတယ်။
မီးတောင်ပေါက်ကွဲမှုကြောင့် လူအယောက် ၇၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ရပေမယ့် အသေအပျောက် မရှိခဲ့ပါဘူး။