close

ကန့်ဘလူမြို့နယ်က တိုင်း/လွှတ်တော်ကိုယ်စားလှယ်တစ်ဦး နေအိမ် ချိပ်ပိတ်ခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းကျေးရွာက တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးနေဇင်လတ် ရဲ့နေအိမ်ကို ဒီဇင်ဘာလ ၄ ရက် နေ့လယ်ပိုင်းမှာ အင်အား ၁၀ ဦး ခန့်ပါတဲ့ စစ်ကောင်စီတပ်တွေက ဗီနိုင်းဆွဲ ချိတ်ပိတ်သွားတယ်လို့ အဆိုပါကိုယ်စားလှယ်က အတည်ပြုပြောပါတယ်။

“ကျနော့်အိမ် ချိပ်ပိတ်သွားတယ်ဆိုတာ ရွာခံတွေပြောလို့ သိရပါတယ်။ ‌ဒီလိုဖြစ်လာမယ် ဆိုတာ မျှော်လင့်ထားပြီးသားဖြစ်လို့ ဘာမှတော့ စိုးရိမ်စိတ်မရှိပါဘူး။ မိသားစုကိုလည်း ဘေးလွတ်ရာ ရှောင်ခိုင်းထားပြီးသားပါ” လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဇင်လတ်က ပြောပါတယ်။

ဦးနေဇင်လတ်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီကနေ အမှတ် ၂ မဲဆန္ဒနယ်၊ တိုင်းဒေသကြီး ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့တဲ့ ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်ပြီး၊ PDF တပ်ဖွဲ့နဲ့ ပတ်သက်ဆက်သွယ်တယ်လို့ဆိုကာ စစ်ကောင်စီက နေအိမ်ကို ချိပ်ပိတ်ခဲ့တာလို့ သိရပါတယ်။ 

နိုဝင်ဘာလလယ်ပိုင်းကလည်း ‌ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ လှိုင်မြင့်ဟန်ရဲ့ နေအိမ်ကို ချိပ်ပိတ်ခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီက တော်လှန်ရေးကာလအတွင်း ကန့်ဘလူမြို့နယ်အတွင်း အပြစ်မဲ့ပြည်သူ ၆ ဦးအထိ ပစ်ခတ်သတ်ဖြတ်ထားသလို ၅၀ ကျော်ကိုလည်း ဖမ်းဆီးထားတယ်လို့  သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up