close

နေပြည်တော် ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲက တပ်ကြပ်ကြီး ၁ ဦး ပြည်သူ့ရင်ခွင် ဝင်ရောက်

နေပြည်တော်အခြေစိုက် အမှတ် ၉၄၈ ဆောက်လုပ်ရေးတပ်ခွဲက တပ်ကြပ်ကြီး ၁ ဦးဟာ အာဏာဖီဆန် CDM ပါဝင်လာပြီး ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ (PRA)နဲ့  လာရောက်ပူးပေါင်း ခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PRA) ထံကို လာရောက်ပူးပေါင်းလာသူဟာ နေပြည်တော်၊ အမှတ် ၉၄၈ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲက အသက် ၂၉ နှစ်ရှိတဲ့ ကိုယ်ပိုင်အမှတ် - တ/၄၆၆၇၉၃၊ တပ်ကြပ်ကြီး ကျော်ရဲနိုင်ဖြစ်တယ်လို့ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ PRA တာဝန်ခံက ပြောပါတယ်။

တပ်ကြပ်ကြီး ကျော်ရဲနိုင်ဟာ ၂၀၁၂ ခုနှစ်မှာ ဖောင်ကြီး၊ အမှတ် ၁ စစ်အခြေခံလေ့ကျင့်ရေးတပ်ကနေ တပ်မတော်သို့ စတင်ဝင်ရောက်လာပြီး စစ်လုပ်သက် ၉ နှစ် ရှိချိန်မှာ စစ်ကောင်စီတပ်ကို စွန့်ခွာပြီး CDM ပြုလုပ်ကာ ပြည်သူ့ရင်ခွင်ကို ခိုလှုံလာတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ချင်းပြည်နယ် မတူပီအခြေစိုက် ခမရ ၁၄၀ တပ်ရင်းက ပေါက်မြို့နယ်၊ သက္ကယ်ကျင်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က  တပ်သား ၅ ယောက်ဟာ မကွေးတိုင်း၊ ပေါက်တောင်ပိုင်းပြောက်ကျားတပ်ဖွဲ့ကို လာရောက်ပူးပေါင်းခဲ့ပါတယ်။

ပြည်သူရင်ခွင်ကိုခိုလှုံမယ့် စစ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို နွေးထွေးစွာကြိုဆိုပြီးတော့ လက်နက်အပြည့်စုံနဲ့ အလင်းဝင်လာသူတွေကိုလည်း ထိုက်သင့်တဲ့ဆုကြေငွေချီးမြှင့်ကာ လွတ်မြောက်နယ်မြေတွေကို ပို့ဆောင်ပေးသွားမယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေဆီကသိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up