close

ချောက်မြို့နယ်တွင် တယ်လီဖုန်းတာဝါတိုင်အချို့ ဖျက်ဆီးခံရ

မကွေးတိုင်း၊ ချောက်မြို့နယ်၊ ချောင်းတက်ကျေးရွာအနီးက တယ်လီဖုန်းတာဝါတိုင်တွေက ကေဘယ်လ်ကြိုးတွေ ဒီဇင်ဘာလ ၈ ရက်နေ့က ဖျက်ဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

အမည်မဖော်လိုတဲ့ MPT ဆက်သွယ်ရေးတာဝန်ခံတဦးက‌ “တာဝါတိုင်တွေက ကေဘယ်လ်ကြိုးတွေကို ဓားနဲ့ခုတ်သွားတာ။ အဖျက်ဆီးခံရတာကတော့ Mpt၊ Telenor၊ Ooredoo တိုင်တွေပေါ့'' လို့ အတည်ပြုပြောဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပို့ဆောင်ဆက်သွယ်ရေးနှင့် ပြန်ကြားရေးဝန်ကြီးဌာနက အင်တာနက်ဒေတာအသုံးပြုခတွေကို အဆမတန်တိုးမြှင့်ကောက်ခံမယ်လို့ ကြေညာပြီးနောက်ပိုင်း Mytel တာဝါတိုင်တွေသာမက အခြားဆက်သွယ်ရေးတာဝါတိုင်တွေကိုလည်း ဖျက်ဆီးခံခဲ့ရတာလို့ ဒေသခံတွေဆီက သိရပါတယ်။

အဆိုပါဖျက်ဆီးမှုကို ဘယ်အဖွဲ့အစည်းကပြုလုပ်တယ်ဆိုတာ ကြေညာထားတာတော့ မရှိသေးပါဘူး။

ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ နိုဝင်ဘာလကုန်အထိ နိုင်ငံနဲ့တဝန်း ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၄၀၉ တိုင် ဖျက်ဆီးခံရပြီးဖြစ်တယ်လို့ စစ်တပ်က အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ကြေညာထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up