ဆေးပညာနှင့်စီးပွားရေးပညာရပ်ဆိုင်ရာ နိုဘယ်လ်ဆုရသူများကို ကယ်လီဖိုးနီးယားတွင် ဆုချီးမြှင့်

ဆေးပညာရပ်နဲ့ စီးပွားရေးပညာရပ် နိုဘယ်လ်ဆုရပညာရှင်တွေကို ပုံမှန်အားဖြင့် ဆွီဒင်နိုင်ငံ စတော့ခ်ဟုမ်းမြို့မှာ ဆုချီးမြှင့်လေ့ရှိပါတယ်။
ဒါပေမဲ့ ကိုဗစ်ကပ်ရောဂါကြောင့် အဲဒီအခမ်းအနားကို နှစ်နှစ်ဆက်တိုက် ရပ်နားထားခဲ့ရပြီး ဒီဇင်ဘာ ၈ ရက်က အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ် အာဗိုင်မြို့မှာ ဆုချီးမြှင့် ဂုဏ်ပြုပွဲ လုပ်ပေးခဲ့ပါတယ်။
အခမ်းအနားမှာ အမေရိကန်နိုင်ငံဆိုင်ရာ ဆွီဒင်သံအမတ်ကြီး ကာရင် အိုလိုဒေါ့တာက “ထုံးစံအားဖြင့်တော့ ဆွီဒင်ဘုရင်မင်းမြတ်က ဆုချီးမြှင့်ပေးလေ့ရှိပါတယ်။ အခုကတော့ အားလုံးသိတဲ့အတိုင်း ကိုဗစ်ရောဂါကြောင့် အဝေးမှာပဲ ဂုဏ်ပြုရပါတယ်”လို့ ပြောပါတယ်။
အခုနှစ်အတွက် ဆေးပညာရပ်ဆိုင်ရာ နိုဘယ်လ်ဆုကို အမေရိန်ကန်သိပ္ပံပညာရှင် ဒေးဗစ်ဂျူလီယပ်စ်နဲ့ အာဒမ်ပါတာပူတီယမ်တို့နှစ်ဦးကို အပူနဲ့ ထိတွေ့မှုဆိုင်ရာ အာရုံခံနဗ်တွေရဲ့ သိစိတ်ဖြစ်ပေါ်မှု လေ့လာတွေ့ရှိချက်အတွက် ချီးမြှင့်ခဲ့ပါတယ်။
စီးပွားရေးဆိုင်ရာ နိုဘယ်လ်ဆုကိုတော့ ဒေးဗစ်ကဒ်နဲ့ ဂီဒို အင်ဘန်းစ်တို့နှစ်ဦးက အမေရိကန် fast-food ကဏ္ဍမှာ အနည်းဆုံးလုပ်အား ခတိုးတက်လာမှုရဲ့ စီးပွားရေးအကျိုးသက်ရောက်ပုံကို လေ့လာတွေ့ရှိချက်အတွက် ဆုချီးမြှင့်ခံရတာ ဖြစ်ပါတယ်။