အမေရိကန်၊ ကန်တက်ကီပြည်နယ်တွင် လေဆင်နှာမောင်းကြောင့် ၇၀ ခန့်သေဆုံး

အမေရိကန်ပြည်ထောင်စု ကန်တက်ကီပြည်နယ်အပါအဝင် ပြည်နယ်အချို့ကို ဒီဇင်ဘာ ၁၀ ရက်နေ့ နှောင်းပိုင်းနဲ့ ၁၁ ရက်နေ့ အစောပိုင်းတွေက လေဆင်နှာမောင်း တိုက်ခိုက်သွားတာကြောင့် လူ ၇၀ လောက် သေဆုံးတယ်လို့ သိရပါတယ်။
လေဆင်နှာမောင်းဟာ ပြည်နယ် ၆ ခုကို တိုက်ခတ်ခဲ့တာဖြစ်ပြီး ကန်တက်တီပြည်နယ် တစ်ခုတည်းမှာ လူ ၇၀ လောက် သေဆုံးခဲ့ရပါတယ်။
Mayfield မြို့မှာတော့ ဖယောင်းတိုင် စက်ရုံ ပြိုကျနေတာ၊ သစ်ပင်တွေ ပြိုလဲနေတာ၊ ကားတွေ ပျက်စီးခဲ့ပြီး လေဆင်နှာမောင်း ဖြတ်သန်းသွားတာ မိုင် ၂၀၀ တလျှောက်က အိမ်တွေ၊ စီးပွားရေး လုပ်ငန်းတွေ ပျက်စီးခဲ့ပါတယ်။
ကန်တာကီပြည်နယ် အုပ်ချုပ်ရေးမှူး Andy Beshear က သမိုင်းမှာ အဆိုးရွားဆုံး လေဆင်နှာမောင်း ဖြစ်တယ်လို့ ပြောပါတယ်။
သမ္မတ ဂျိုးဘိုင်ဒင်ကလည်း လေဘေးသင့်တဲ့ ဒေသကို ပြည်ထောင်စုအဆင့် လိုအပ်တဲ့ အကူအညီပေးဖို့ ဒီဇင်ဘာ ၁၁ ရက်နေ့က အမိန့်ပေးထားပါတယ်။