close

ဩစတြီးယားတွင် ကိုဗစ်စည်းကမ်း မလိုက်နာလိုသူများ ဆန္ဒပြ

သြစတြီးယားနိုင်ငံ မြို့တော်ဗီယင်နာမှာ  ကိုဗစ် စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာချင်တဲ့ လူထောင်ပေါင်းများစွာဟာ  ဒီဇင်ဘာ ၁၁ ရက်က  ဆန္ဒပြကြပါတယ်။

ဆန္ဒပြသူတွေမှာ လက်ယာစွန်းပါတီ ထောက်ခံသူတွေလည်း ပါဝင်ပါတယ်။ ဆန္ဒပြသူတွေဟာ ကိုဗစ် ကာကွယ်ဆေး စည်းကမ်းတွေကို ဆန့်ကျင်တဲ့အကြောင်း၊ လုံး၀ လက်မခံနိုင်တဲ့အကြောင်း ရေးသားတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ထားတာ တွေ့ရပါတယ်။

သြစတြီးယား ကွန်ဆာဗေးတစ် ဦးဆောင်တဲ့ အစိုးရက ဒီဇင်ဘာ ၉ ရက်မှာ အသစ် ထုတ်ပြန်လိုက်တဲ့ ကိုဗစ်စည်းကမ်းချက်တွေထဲမှာ အသက် ၁၄ နှစ်နဲ့ အထက် ကိုဗစ် ကာကွယ်ဆေးကို မဖြစ်မနေ ထိုးကြဖို့လည်း ပါဝင်ပါတယ်။ 

စည်းကမ်းချက်ကို မလိုက်နာဘူးဆိုရင် သုံးလတကြိမ် ဒဏ်ကြေး ယူရိုငွေ ၃၆၀၀၊ အမေရိကန် ဒေါ်လာ ၄၀၀၀ ကျော် ပေးဆောင်ရမယ်လို့ ဆိုပါတယ်။

သြစတြီးယားမှာ လူဦးရေရဲ့ ၆၈ ရာခိုင်နှုန်းဟာ ကိုဗစ်ကာကွယ်ဆေး အပြည့်ထိုးထားကြပြီး အနောက်ဥရောပမှာတော့ ကိုဗစ် ကာကွယ်ဆေးထိုးနှုန်း အနိမ့်ဆုံးနိုင်ငံတစ်နိုင်ငံလို့ ဆိုရမှာပါ။ 

ကိုဗစ်ကာကွယ်ဆေး မထိုးရေးကို လက်ယာစွန်းပါတီဖြစ်တဲ့ Freedom ပါတီက အဓိက လှုံ့ဆော်နေတာ ဖြစ်ပါတယ်။

အစိုးရက ထုတ်ပြန်လိုက်တဲ့ ကိုဗစ်ကာကွယ်ဆေး စည်းကမ်းအသစ်ကို ဖေဖော်ဝါရီလကျရင် ပြန်လည် စတင်မယ့် လွှတ်တော်က အတည်ပြုရမှာ ဖြစ်ပါတယ်။

လောလောဆယ်မှာ အဓိက အတိုက်အခံ နှစ်ပါတီက စည်းကမ်းအသစ်ကို ထောက်ခံထားတာကြောင့် လွှတ်တော်က အလွယ်တကူ ထောက်ခံ အတည်ပြုဖွယ်ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up