close

တူနီးရှားသမ္မတကို ပြည်သူထောင်ချီဆန္ဒပြ

တူနီရှားပြည်သူ ထောင်ပေါင်းများစွာဟာ သမ္မတ ‘ကိုင်စ် ဆေးဒ်’ (Kais Saied) ကို ဒီဇင်ဘာ ၁၇ ရက်က ဆန္ဒပြခဲ့ကြပါတယ်။ 

သမ္မတက လွှတ်တော်ကို ရပ်ဆိုင်းထားမှု၊ စီးပွားရေးကျဆင်းမှု၊ ရဲတွေရဲ့ အကြမ်းဖက်မှု၊ ကိုဗစ်ရောဂါ ကိုင်တွယ်တာ ညံ့ဖျင်းမှုတို့ကြောင့် ဆန္ဒပြကြတာပါ။

အခုဆန္ဒပြမှုဟာ လွန်ခဲ့တဲ့ဆယ်နှစ်က အာဏာရှင် ‘ဇိုင်အလီ အဘီဒင်ဘန်အာလီ’ (Zine al-Abidine Ben Ali)  ကို ဖြုတ်ချခဲ့တဲ့ လူထုအုံကြွမှုနေ့ရက်နဲ့ တိုက်ဆိုင်နေပါတယ်။

လွန်ခဲ့တဲ့ဆယ်နှစ် တူနီရှား လူထုအုံကြွမှုက ‘အာရပ်နိုင်ငံတွေ အတော်များများကို ကူးစက်ခဲ့ပြီး ‘အာရပ်နွေဦး’ တော်လှန်ရေးလို့ လူသိများခဲ့ပါတယ်။

မနေ့က ဆန္ဒပြသူတွေဟာ တူနစ်မြို့လယ်ကောင်မှာ စုဝေးခဲ့ကြပြီး “သမ္မတကို အလိုမရှိ၊ ရဲအုပ်ချုပ်တဲ့ခေတ်  ကုန်ပြီ၊ ဖရီးဒမ်း ဖရီးဒမ်း” လို့ ကြွေးကြော်ခဲ့ကြပါတယ်။

သမ္မတ ကိုင်စ်ဆေးဒ်ကို လိုလားသူတွေကလည်း တန်ပြန် ဆန္ဒပြနေပြီး လုံခြုံရေးတွေလည်း တင်းတင်းကျပ်ကျပ် ချထားပါတယ်။

သမ္မတက ၂၀၂၂ ဇူလိုင်မှာ အခြေခံဥပဒေ လူထုဆန္ဒခံယူပွဲလုပ်ပြီး နှစ်ကုန်မှာ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ကြေညာပေမဲ့ ပြည်သူတွေက လုံးဝအယုံအကြည်မရှိပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up