စစ်ရေး မွမ်းမံသင်တန်းတက်နေသည့် ဒီးမော့ဆို PDF များ စားနပ်ရိက္ခာလိုအပ် (ဓာတ်ပုံ)




ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ ဒေသခံတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( PDF) ရဲဘော်တွေဟာ တပ်ရင်းအလိုက် စစ်ရေးမွမ်းမံသင်တန်းတွေ ပြုလုပ်နေပြီး သူတို့အတွက် အခြေခံစား သောက်ကုန်တွေ ထောက်ပံ့ပေးဖို့ လိုအပ်နေပါတယ်။
“ကျနော်တို့ တပ်ရင်းရဲ့ မွမ်းမံသင်တန်းမှာ အမျိုးသမီး သင်တန်းသူ ၁၀၀ ကျော်ပါတယ်။ သူတို့တွေအတွက် စားသောက်ကုန်တွေ လိုအပ်နေတယ်” လို့ သင်တန်းဆရာတယောက်က ပြောပါတယ်။
ဒီးမော့ဆိုမြို့နယ်အခြေပြု PDF တပ်ရင်း ၁၀ ရင်းရှိပြီး မွမ်းမံသင်တန်းအတွက် သင်တန်းကာလဟာ ၁လ ကြာမြင့်ပါတယ်။
ကယားပြည်နယ်အတွင်းမှာ PDF တပ်သား ထောင်နဲ့ချီရှိနေပြီး သူတွေဟာ စစ်အာဏာရှင်ကျရှုံးတဲ့အထိ ခုခံတွန်း လှန်သွားမယ်လို့ ကတိပြုထားကြပါတယ်။