အိန္ဒိယတောင်ပိုင်းက နည်းပညာစက်ရုံဝန်ထမ်းများ အစာအဆိပ်သင့်ပြီး ဆူပူအုံကြွမှုဖြစ်ပွား

အိန္ဒိယတောင်ပိုင်း တမီးလ်နာဒူးပြည်နယ်ရှိ ဖောက့်စ်ကွန် (Foxconn) နည်းပညာစက်ရုံမှာ ဝန်ထမ်းတွေ အစာအဆိပ်သင့်တဲ့သတင်း ပေါက်ကြားပြီးနောက် လူထုဆူပူအုံကြွမှု ဖြစ်ပွားခဲ့ ပါတယ်။
ဖောက့်စ်ကွန်စက်ရုံမှာ ပြီးခဲ့တဲ့အပတ်က ဝန်ထမ်း ၁၅၀ ကျော် အစာအဆိပ်သင့်ခဲ့တာဖြစ်ပြီး ၁၁၅ ဦးကို ဆေးရုံပို့ဆောင်ခဲ့ရာမှာ အားလုံး အသက်ရှင်ကြပါတယ်။
ဒါပေမဲ့ နှစ်ဦးသေဆုံးတယ်ဆိုတဲ့ သတင်းမှားတခု WhatsApp ဆိုရှယ်မီဒီယာပေါ် ပြန့်သွားတဲ့ နောက် အလုပ်သမားတွေနဲ့ ဆွေမျိုးသားချင်းတွေပါဝင်တဲ့ များပြားလှတဲ့လူအုပ်ကြီးက စက်ရုံ တည်ရှိရာ ချန်နိုင်း-ဘန်ဂါလူရူ ဟိုက်ဝေးလမ်းမကို နာရီအတော်ကြာအောင် ပိတ်ဆို့ ဆန္ဒပြခဲ့ကြပါတယ်။
တိုင်ဝမ်ပိုင် ဖောက့်စ်ကွန် နည်းပညာစက်ရုံဟာ အမေရိကန် Apple ကုမ္ပဏီရဲ့ iPhones တွေကို တပ်ဆင်ထုတ်လုပ်ပြီး အိန္ဒိယမှာ စက်ရုံခွဲထားရှိပါတယ်။