ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်မှာ ဒီဇင်ဘာ ၂၉ ရက်နေ့နေ့လယ်ပိုင်းက စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၇ ယောက်သေဆုံးခဲ့တယ်လို့ ရေစကြို N-YSO ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။
ရေစကြိုမြို့နယ် မအူအုပ်စုမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား ၂၀ လောက်ဟာ မနေ့က နေ့လည် ၁ နာရီလောက်မှာ လမ်းကြောင်းသုံးခုခွဲပြီးတော့ ကင်းလှည့်နေတဲ့အချိန် N-YSO ပြောက်ကျားတပ်၊ချောင်းဦး CHU-PDF၊ မြောင် MSDFနဲ့ မြင်းခြံ 27 တော်လှန်ရေး အင်အားစုတို့ ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ N-YSO ပြောက်ကျားတပ်ဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဘက်က ပြန်လည်ပစ်ခတ်ပေမယ့် ညီနောင်မဟာမိတ် ၄ ဖွဲ့ က ရဲဘော်တွေ အထိအခိုက် အကျဆုံးမရှိဘဲ အောင်အောင်မြင်မြင် ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ရှေ့ဆက်ပြီးတော့လည်း ရေစကြိုမြို့နယ် N-YSO ပြောက်ကျားတပ်ဖွဲ့အနေနဲ့ ညီနောင်မဟာမိတ်တွေနဲ့ လက်တွဲပြီးတော့ စစ်အာဏာရှင် အမြစ်ပြတ်တဲ့အထိ တိုက်ခိုက် ခြေမှုန်းသွားမယ်လို့ ပြောပါတယ်။
အဲဒီတိုက်ပွဲတွေနဲ့ ပတ်သက်လို့ ထိခိုက်သေဆုံးတဲ့ အခြေနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။