အမေရိကန်တွင် ကိုဗစ်ကူးစက်မှု စံချိန်တင်မြင့်၊ တပတ်အတွင်း ၂ သိန်းခွဲကျော်ရှိ

အမေရိကန်ပြည်ထောင်စုမှာ နေ့စဉ် ကိုဗစ်-၁၉ ကူးစက်မှု အရေအတွက် စံချိန်တင်မြင့်တက်ခဲ့ပြီး ပြီးခဲ့တဲ့ ၇ ရက်အတွင်း ကူးစက်ခံရသူ ၂၅၈၃၁၂ ဦး ရှိပါတယ်။
ဒီနှစ် ဒီဇင်ဘာလက တပတ်အတွင်း ကူးစက်မှုစံချိန် အရေအတွက် ၂၅၀,၁၄၁ ကို ကျော်လွန်သွားပါတယ်။
နေ့စဉ်ကူးစက်မှု အမြင့်မားဆုံးပြည်နယ်တွေကတော့ ဒီဇင်ဘာ ၂၈ ရက် နယူးယော့ခ်ပြည်နယ် ၄၀,၇၈၀၊ ကာလီဖောနီးယားပြည်နယ်မှာ ၃၀,၀၀၀၊ တက္ကဆတ်ပြည်နယ် ၁၇,၀၀၀ နဲ့ အိုဟိုင်းယိုးပြည်နယ်မှာ ၁၅,၀၀၀ ရှိပါတယ်။
အမေရိကန် ကူးစက်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနရဲ့ ထုတ်ပြန်ချက်အရ လက်ရှိ အမေရိကမှာ အေမီခရွန်ဗိုင်းရပ်စ်သစ် ကူးစက်ခံရသူအရေအတွက်က ကိုရိုနာဗိုင်းရပ်စ်မျိုးစုံ ကူးစက်ခံရသူ စုစုပေါင်းရဲ့ ၅၆ ဒသမ ၆ ရာခိုင်နှုန်း ရှိပါတယ်။