ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွေးနွေးပွဲ၌ ဂျော်ဒန်လွှတ်တော်အမတ်များ ခိုက်ရန်ဖြစ်ပွား (ရုပ်သံ)
ဂျော်ဒန်နိုင်ငံ လွှတ်တော်အတွင်း ဒီဇင်ဘာ ၂၈ ရက်က လွှတ်တော်အမတ်များ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး အကြိတ်အနယ်ဆွေးနွေးကြရင်း ခိုက်ရန်ဖြစ်ပွားခဲ့ပါတယ်။
အမတ်တချို့က အခြေခံဥပဒေပြင်ဆင်တာဟာ ဂျော်ဒန်ဘုရင်ရဲ့ အာဏာနဲ့လုပ်ပိုင်ခွင့်ကို တိုးချဲ့တာ လို့ ယူဆပြီး အငြင်းပွားရာကနေ စဖြစ်တာပါ။
ဂျော်ဒန်အုပ်ချုပ်ရေးပုံစံက စည်းမျဉ်းခံဘုရင်စနစ်ပါ။ မျိုးရိုးစဉ်ဆက်အုပ်ချုပ်တဲ့သူလက်ထဲ အာဏာနဲ့ လုပ်ပိုင်ခွင့်တွေ ကျယ်ကျယ်ပြန့်ပြန့် ပေးထားပါက အာဏာကို ကန့်သတ်နိုင်မှုမရှိတော့တာကြောင့် ဒီမိုကရေစီ အင်စတီကျူးရှင်းတွေ ပျက်စီးကုန်မယ်လို့ အမတ်အချို့က ပြောပါတယ်။
ဝန်ကြီးချုပ်နဲ့ လွှတ်တော်ကို ဘုရင်က သူကြိုက်သလိုရွေးချယ်ပြီး စီမံခွင့်ရသွားမယ်လို့ ဆိုပါတယ်။ အခု အခြေခံဥပဒေပြင်ဆင်ရေးအဆိုကို ဘုရင့်ကော်မရှင်မှာပါတဲ့ လွှတ်တော်အမတ်တွေက တင်တာဖြစ်ပြီး ဘုရင်က ဝန်ကြီးအဖွဲ့ကို သူ့စိတ်ကြိုက် ရွေးချယ်ခွင့်ရဖို့ ရည်ရွယ်တာပါ။