ကိုရိုနာကပ်ဘေးကင်းစင်စေရန် တိုကျိုမြို့ မေဂျီဘုရားကျောင်းတွင် လူထောင်ချီ နှစ်သစ်ဆုတောင်း

ဇန်နဝါရီ ၁ ရက် ဂျပန်နိုင်ငံ တိုကျိုမြို့ မေဂျီဘုရားကျောင်းမှာ လူတွေထောင်ချီပြီး နှစ်သစ်မှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးရောဂါဆိုး ပြီးဆုံးဖို့နဲ့ ကံကြမ္မာကောင်းတွေ ဆောင်ကြဉ်းလာစေဖို့ ဆုတောင်းခဲ့ကြပါတယ်။
နှစ်သစ်ကာလဟာ ဂျပန်တွေအတွက်လည်း အဓိက အားလပ်ရက်ရှည်ဖြစ်ပြီး အဲဒီအချိန်ကျမှ မိသားစုတွေ အချိန်ပေး အတူတကွ ဆုံစည်းကြတာပါ။ တိုကျိုရှိ လူများအစုက မေဂျီဗိမာန်ကိုသွားပြီး ကြွေအံစေ့မြှောက် နှစ်သစ်မှာ ကံကောင်းဖို့ ဆုတောင်းပါတယ်။
မေဂျီဘုရားကျောင်းကို လာရောက်တဲ့သူတွေဟာ မျက်နှာဖုံးနှာခေါင်းစည်းတွေ ဝတ်ပြီး ကိုဗစ်-၁၉ စည်းကမ်းအတိုင်း ခပ်ခွာခွာ တန်းစီပါတယ်။ အားလပ်ရက်ရှည်အတွင်း ပြည်တွင်းခရီးသွားလာနေကြစဉ်မှာ ကိုဗစ်ကူးစက်မှာ စိုးရိမ်ကြပါတယ်။ ကပ်ဘေးကို ဂျပန်က တခြားနိုင်ငံတွေထက် ပိုထိန်းချုပ်နိုင်ပေမဲ့၊ အခု အိုဆာကာမြို့မှာ အိုမီခရွန်ဗိုင်းရပ်စ် တစုတဝေး ကူးစက်တဲ့သတင်းကြားပြီးနောက် ပူပန်နေကြပါတယ်။
ဂျပန်ဧကရာဇ်နန်းတော်မှာ ဘုရင် နာရူဟီတိုက ဒီနှစ်မှာ လူထုရှေ့ မထွက်တော့ဘဲ ဗီဒီယိုကနေ တနိုင်ငံလုံး အေးချမ်းစေဖို့ ဆုတောင်းမေတ္တာစကား ပြောကြားခဲ့ပါတယ်။