close

အေဗရာမိုဗစ်ကို ချဲလ်ဆီးအသင်းပေးရမည့်အကြွေးပေါင် ၁ ဘီလီယံကျော်ရှိလာ

ချဲလ်ဆီးအသင်းဟာ အသင်းပိုင်ရှင် အေဗရာမိုဗစ်ကို ပေးချေရမယ့်အကြွေးက ပေါင် ၁ ဒသမ ၅ ဘီလီယံ ကျော်ရှိလာခဲ့တယ်လို့ သိရပါတယ်။ 

ဗြိတိန်သတင်းစာThe Times ရဲ့အဆိုအရ အသင်းပိုင်ရှင် အေဗရာမိုဗစ်ဟာ ပြီးခဲ့တဲ့ရာသီက ပေါင် ၁၉ ဒသမ ၉ သန်းထုတ်ချေးခဲ့ပြီး အကြွေးစုစုပေါင်း ပေါင် ၁ ဒသမ ၅၁၄ ဘီလီယံရှိ သွားပြီဖြစ် တယ်လို့ဆိုပါတယ်။ 

အသင်းပိုင်မိခင်ကုမ္ပဏီ Fordstam ရဲ့ နှစ်စဉ်စာရင်းတစ်ခုမှာ မနှစ်က ပေါင် ၁၉ ဒသမ ၉သန်း ထုတ်ချေးခဲ့ကြောင်း ဖော်ပြထားတယ်လို့ သိရပါတယ်။ 

ချဲလ်ဆီးဟာ မနှစ်က ဥရာပချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့တာကြောင့် ကစားသမားတွေအပေါ်မှာ လုပ်ခနဲ့ ဆုကြေးတွေ ပိုပေးခဲ့ရပြီး ၁၇ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပါတယ်။ 

တစ်နှစ်စာ လုပ်ခပေးချေမှု စုစုပေါင်း ပေါင် ၃၃၃ သန်းရှိပြီး ပရီးမီးယားလိဂ်မှာ မန်စီးတီးအသင်းပြီးရင် လုပ်ခအများဆုံး ပေးချေရတဲ့အသင်းဖြစ်လာခဲ့ပါတယ်။ 

မန်စီးတီးရဲ့ တစ်နှစ်စာအတွက် လုပ်ခပေးချေရမှုစုစုပေါင်းက ပေါင် ၃၅၁ သန်းရှိပြီး ချဲလ်ဆီးက ပေါင် ၃၃၃ သန်း၊ လီဗာပူးက ပေါင် ၃၂၆ သန်း၊ မန်ယူက ပေါင် ၃၂၂ ဒသမ ၆ သန်းရှိတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up