close

စစ်ကောင်စီတပ် မှားယွင်းပစ်ခတ်မှုကြောင့် ညောင်ပင်ဝန်း စခန်းမှူးနှင့်ရဲတပ်သား ဒဏ်ရာရ

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းရွာ နဲ့ နုံးတွင်းရွာကြားမှာ ဇန်နဝါရီ ၅ ရက်နေ့ညပိုင်းက စစ်ကောင်စီတပ်တွေ မှားယွင်းပစ်ခတ်မှုကြောင့် ညောင်ပင်ဝန်းစခန်းမှူးနဲ့ ရဲတပ်သားတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ညောင်ပင်ဝန်းဒေသခံတစ်ဦးက “ရဲနှစ်ဦးနဲ့သတင်းပေးတစ်ဦးတို့ လိုက်ပါလာတဲ့ကားကို တားဆီးရာမှာ ရပ်မပေးဘဲ မောင်းပြေးသွားလို့ စစ်ကောင်စီတပ်တွေက ပစ်ခတ်အတွက် ညောင်ပင်ဝန်းစခန်းမှူး နဲ့ ရဲတပ်သားတစ်ဦးက ဒဏ်ရတယ်။ ဒလန်လို့သတ်မှတ်ခံရသူက သေဆုံးသွားတယ်” လို့ ပြောပါတယ်။

စခန်းမှူးအပါအဝင် ၃ ဦးဟာ နွားကားတွေကို ပိုက်ဆံတောင်းပြီးအပြန်မှာ အခုလို ပစ်ခတ်ခံရတာလို့ ဆိုပါတယ္။

“ညစဉ်နွားကားများ ပိုက်ဆံတောင်းလေ့ရှိတယ်။ အခုလည်း ပိုက်ဆံတောင်းပြီးလို့အပြန် ကင်းပုန်းဝပ်စစ်ကောင်စီတပ်သားတွေက မှားယွင်းပစ်ခတ်ခဲ့တာ။”  

ပစ်ခတ်မှုကြောင့် သေဆုံးသွားသူရဲ့ ရုပ်အလောင်းကို စစ်ကိုင်းမြို့ ယုန်ဖြူသုသာန်မှာ ဇန်နဝါရီ ၆ ရက်နေ့ နေ့လယ်ပိုင်းမှာ အရပ်ဘက်အဖွဲ့အစည်းတွေက သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ-စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up