close

ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ

ဆားလင်းကြီးမြို့နယ်ထဲမှာ စစ်ကောင်စီယာဉ်တန်းကို ဒီနေ့ မနက် ၉ နာရီခွဲလောက်က ပြည်သူ့ကာကွယ်ရေးတပ်တချို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး အသေအပျောက်များနိုင်တယ်လို့ အဲဒီအဖွဲ့တွေက ပြောပါတယ်။

ယင်းမာပင်မြို့နယ်ဘက်က ဆင်းလာတဲ့ စစ်ယာဉ်တန်းကို ပုသိမ် မုံရွာလမ်းပိုင်း ငွေကမ္ဘာမင်းဆီဆိုင်နားမှာ မိုင်းခွဲတိုက်ခိုက်ခဲ့တာပါ။

“ပထမတလုံးက နည်းနည်းပဲထိတယ်။ နောက်တလုံးကတော့ တော်တော်ထိတယ်။ အသေအပျောက်များနိုင်တယ်” လို့ ပူးပေါင်းတိုက်ခိုက်ရာမှာပါဝင်တဲ့ One Star Task Force အဖွဲ့ဝင်တယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်သားတပ်သား ၅၀ ကျော်လောက်က ကားတန်းရှေ့က တက်လာပြီး နောက်က ကားအစီး ၄၀ ကျော်လာတာမှာ မိုင်းခွဲလို့ ကား ၄ စီး ထိသွားတယ်လို့လည်း ဆိုပါတယ်။

ဒီစစ်ဆင်ရေးကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ One Star Task Force၊ Monywa Truth of Force နဲ့ Triple Two အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up