close

လွိုင်​ကော်မြို့တွင်းတိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲ

ကယားပြည်နယ် မြို့တော်လွိုင်​ကော်မှာ ဇန်နဝါရီ ၁၁ ရက် ဒီကနေ့ မြို့တွင်းတိုက်ပွဲတွေပြင်းထန်ဖြစ်ပွားခဲ့သလို  စစ်ကောင်စီတပ်ကလည်း  လေကြောင်းကနေ တိုက်လေယာဉ် ၁ စင်းနဲ့  ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဒီနေ့ညနေ ၆ နာရီမှာ   စစ်ကောင်စီလေတပ်က   ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေါဥခူရပ်ကွက်က ဒေါဥခူစနေအသင်းဘုရားကျောင်းထိမှန်ပြီး လူတချို့ ပိတ်မိနေတယ်လို့ ဒေသခံ‌တွေကပြောပေမဲ့ ထိခိုက်ပျက်စီးမှု အခြေအနေကို တိတိကျကျ မသိရသေးပါဘူး။ 

လွိုင်​ကော်မြို့၊ ​ဒေါဥခူရပ်ကွက် အကျဥ်း​ထောင်​ဘေးပတ်လည် ကင်းပုန်းဝပ်နေတဲ့ ​စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေအကြား ဒီကနေ့ မွန်းလွဲ ၁၂ ရီခွဲကနေ ၄ နာရီခွဲလောက်အထိ  တိုက်ပွဲဖြစ်ပွားပြီးနောက် လေကြာင်းတိုက်ခိုက်မှု လုပ်ခဲ့တာပါ။

ဒီနေ့တိုက်ပွဲမှာ စစ်​ကောင်စီဘက် ၅ ယောက် သေဆုံးပြီး  ထိခိုက်ဒဏ်ရာရသူတွေလည်း များတယ်လို့  ပြည်သူ့ကာကွယ်ရေးတပ် (ဒီးမော့ဆို)က  သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် လွိုင်​ကော်မြို့၊ မိုင်းလုံးရပ်ကွက်မှာ မနက် ၈ နာရီခွဲကနေ ည ၇ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက်ကို  အရှင်ဖမ်းဆီးရမိထားကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

ဒီတိုက်ပွဲအတွင်း ဒေသခံ ပြည်သူတွေရဲ့နေအိမ် ၂ လုံးမီးလောင်ပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ဇန်နဝါရီ ၇ ရက်နဲ့ ၈ ရက်တွေက လွိုင်ကော်မြို့ထဲကို  လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့်  လွိုင်ကော်မြို့ခံ ၆ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။

ခုရက်ပိုင်း လွိုင်ကော်မြို့တွင်း တိုက်ပွဲပြင်းထန်ပြီး လေကြောင်းတိုက်ခိုက်တာကြောင့် သောင်းနဲ့ချီတဲ့ ကရင်နီပြည်သူတွေ ရှမ်းပြည်နယ်ထဲအထိသွားရောက်  စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။

Video : Roselin Ei

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up