close

မန္တလေး DFM စခန်းကို ဝင်စီးသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက ဒေသခံကာကွယ်ရေးတပ် Defense Force MDY (DFM ) စခန်းတည်ရှိရာ နေရာတစ်ခုကို စစ်ကောင်စီတပ်က အင်အား ၈၀ လောက်နဲ့ ဇန်နဝါရီ ၈ ရက် ညနေပိုင်းမှာ ဝင်ရောက်စီးနင်းခဲ့ရာမှာ  စစ်ကောင်စီတပ်တွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး  ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့တယ်လို့ DFM အဖွဲ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဘက်က ဝင်ရောက်စီးနင်းတိုက်ခိုက်မှာကို ကြိုတင်သတင်းရရှိထားတဲ့အတွက် လမ်းတဝက်မှာတင် လက်နက်ငယ်တွေ၊ လက်လုပ်မိုင်းတွေ အသုံးပြုပြီး ပြန် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အဆိုပါအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အဲဒီလို တိုက်ခိုက်ခံရတဲ့အတွက် စစ်ကောင်စီဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ကြောင့် အပြန်အလှန် တိုက်ပွဲခဏဖြစ်ပွားခဲ့တယ်လို့ DFM အဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။ 

ဇန်နဝါရီ  ၉ ရက် မနက်ပိုင်းမှာလည်း  နောက်ထပ် စစ်ကြောင်းထိုးလာတဲ့အဖွဲ့ကို မိုင်းထောင်ပြီး တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က သေဆုံးသူတွေရှိခဲ့ပြီး  နယ်ခံသတင်းပေးတွေရဲ့ ပြောကြားချက်အရ စစ်ကောင်စီဘက်က အနည်းဆုံး ၉ ဦး သေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့   ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။   

လက်ရှိမှာတော့ DFM စခန်းက မီးရှို့ခံလိုက်ရပြီး ဆန်၊ ဆီ၊ ဆေး၊ စားနပ်ရိက္ခာတွေ ဖျက်ဆီးခံခဲ့ရပေမဲ့ တပ်ဖွဲ့ဝင်တွေကတော့ အထိအခိုက်မရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up