close

တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့တွင် One Day Challenge ကမ်ပိန်းပြုလုပ်

တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ ဘူဖောင်းဘူတာရှေ့မှာ ဇန်နဝါရီ ၁၆ ရက်နေ့လယ် ၁ နာရီကနေ ညနေ ၃ နာရီအထိ ONE DAY CHALLENGE ကမ်ပိန်းကို လူအင်အား ၃၀ လောက့် ပြုလုပ်ခဲ့ကြတယ်လို့ စည်းရုံးရေးကော်မတီဝင်လူငယ်တယောက်က ပြောပါတယ်။

ONE DAY CHALLENGE ကမ်ပိန်းကို အောက်တိုဘာမှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အခုချိန်ထိ အဖွဲ့ဝင် ၁၆၀၄ ယောက်ရှိနေပြီဖြစ်ပါတယ်။

၁၁ လပိုင်းကနေစပြီး တစ်လကို ဒေါ် ၁ သိန်း ၂ သောင်းလောက်ထိ ရပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာကနေ အခုနှစ်ဇန်နဝါရီလအထိ NUG အစိုးရကို ဒေါ်လာ ၄ သိန်း ပံ့ပိုးပြီးပြီလို့ ဆိုပါတယ်။

တစ်လမှာ တစ်ရက် တိုင်းပြည်အနာဂတ်အတွက် သူရဲကောင်းတွေ အသက်တွေ ပေးဆပ်နေကြတဲ့ ဒီမိုကရေစီ တော်လှန်ရေးမှာ ပြည်ပက ကျနော်တို့ရဲ့တစ်ရက်စာ လုပ်အားခကို ပေးဆပ်ဖို့ ဝန်မလေးရင် ONE DAY CHALLENGE မှာ ပူးပေါင်းပေးကြပါလို့လည်း တောင်းဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up