close

စစ်တပ်ပစ်သတ်မှုကြောင့် ကျဆုံးပြည်သူပေါင်း ၁၄၈၃ ဦး၊ ဖမ်းဆီးခံရသူ ၁၁၆၀၀ ကျော်ရှိ

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၁၁ လခွဲကျော်အကြာ အကြမ်းဖက်စစ်တပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၄၈၃ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်း ခံရသူပေါင်း ၁၁၆၂၈ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၈၆၇၇ ယောက် လက်ရှိချုပ်နှောင်ခံထားရ ဆဲဖြစ်ပြီး အဲဒီထဲက ၆၂၆ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၄၁ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁၉၆၆ ယောက်ထဲက မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ကတော့ မျက်ကွယ် ပြစ်ဒဏ်ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်းအယောက် ၈၀ ရှိပြီဖြစ်ပါ တယ်။

ဇန်နဝါရီ ၁၇ ရက်က မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာကို အကြမ်းဖက် စစ်အုပ်စုတပ်တွေ ဝင်ရောက်စီးနင်းကာ ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ကိုဝင်းဇော်ဦးမှာ ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး သထုံဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေချိန် ကျဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၁၆ ရက် နေ့လယ်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ ဈေးသွားဝယ်တဲ့ အမျိုးသားတယောက်ကို စစ်သားတွေက လမ်းမှာ ခေါ်ယူစစ်ဆေးကာ ဖမ်းဆီးခဲ့ပြီးနောက် သတ်ဖြတ်ခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါအမျိုးသားမှာ ကိုစံပေါ ခေါ် ကို ထွန်းအောင်နိုင်ဖြစ်ပြီး သူ့ရဲ့ ရုပ်အလောင်းမှာ ညှဉ်းပန်းနှိပ်စက်ခံထားရတဲ့ ဒဏ်ရာများစွာရှိကြောင်း သိရှိရပါတယ်။ သူဟာ ကနီမြို့နယ်ဇာတိဖြစ်ပြီး ဒေသတွင်း တိုက်ပွဲတွေ ဖြစ် ပွားနေတာကြောင့် မုံရွာမြို့ပေါ်မှာ လာရောက်နေထိုင်သူဖြစ်တယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦး တော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကိုသိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up