close

ရွှေကူတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံး

ကချင်ပြည်နယ် ရွှေကူမြို့နယ်အတွင်းမှာ မြို့လှပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ ဇန်နဝါရီ ၁၉ ရက်နေ့မနက်က တိုက်ပွဲဖြစ်ပွားရာမှာ စစ်ကောင်စီတပ်သား ၁၀ ဦးထက် မနည်းသေဆုံးပြီး အမြောက်အမြား ဒဏ်ရာရသွားတယ်လို့ မြို့လှ ပြည်သူ့ကာကွယ်ရေးတပ်က သိရပါတယ်။

စစ်ကောင်စီတပ်အင်အား ၆၀ လောက်ဟာ ရွှေငြိမ်းချမ်းရွာကနေတဆင့် ကျောက်ကြီးရွာဘက်ကို ဇန်နဝါရီ ၁၉ ရက်မနက် ၈ နာရီခွဲလောက်က ခြေလျင်စစ်ကြောင်းထိုးလာခဲ့တယ်လို့ သိရပါတယ်။

ကျောက်ကြီးရွာ မရောက်မီ လွင်ယားဒေသအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ကနေ ကြိုတင်မိုင်း ၁၆ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲကြာချိန် ၄၅ မိနစ်လောက်ကြာခဲ့တယ်လို့ မြို့လှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ မြို့လှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထိခိုက်တာမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၁၇ ရက်နေ့ကလည်း စစ်ကောင်စီတပ်နဲ့ မြို့လှပြည်သူ့ကာကွယ်ရေးတပ်၊ KIA ပူးပေါင်းတပ်တို့ အမှတ်ကြီးကုန်းကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီဘက်က ၁၅ ဦးထက်မနည်းသေဆုံးခဲ့တာ ဆိုပါတယ်။

တိုက်ပွဲဖြစ်စဉ်နဲ့ သေဆုံးဒဏ်ရာရမှုအခြေအနေတွေကို စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

photo Crd - မြို့လှpdf

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up