close

ဖလမ်းမြို့နယ်က စစ်ကောင်စီတပ်သားတစ်ဦး လက်နက်အပြည့်အစုံဖြင့် CDM ပြုလုပ်

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ခလရ (၂၆၈) တပ်က မောင်ဇင်လင်းအောင်ဟာ လက်နက်အပြည့်အစုံနဲ့ ချင်းအမျိုးသားအဖွဲ့ဆီကို CDM ဝင်ရောက်လာတယ်လို့ ချင်းအမျိုးသားအဖွဲ့ (CNO) ကသိရပါတယ်။

CDM ဝင်ရောက်လာတဲ့ မောင်ဇင်လင်းအောင်ရဲ့ ကိုယ်ပိုင်အမှတ်ဟာ   တ-၅၄၂၁၂၁  ဖြစ်ပြီး စစ်ကောင်စီအပေါ် နာကျည်းချက်တွေနဲ့ ပြည်သူနဲ့ ပူးပေါင်းဖို့ လက်နက်အပြည့်အစုံနဲ့ ဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။

အလင်းဝင်ရောက်လာတဲ့အတွက် CNO နဲ့ CNDF က ဆုကြေးငွေ ချီးမြှင့်ခဲ့ပြီး လွတ်မြောက်နယ်မြေကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၁၀ ရက်နေ့ကလည်း မတူပီ စစ်ဗျူဟာအခြေချအဖွဲ့  စစ်ရေးအရာရှိ တတိယတန်း စစ်ထောက်တာဝန် ထမ်းဆောင်နေတဲ့ ဗိုလ်ကြီးကောင်းသူဝင်းဟာ လက်နက်ကျည်အပြည့်အစုံနဲ့ CDF -KKG ( Chinland Defense Force Kalay Kabaw Gangaw ) ကို CDM ဝင်ရောက်လာတယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိရပါတယ်။

ဗိုလ်ကြီး ကောင်းသူဝင်းဟာ  လက်ရှိမုံရွာမှာ ကြားစခန်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေပြီး ကြည်း ၅၅၇၂၅ စစ်တက္ကသိုလ် အပါတ်စဉ် ၅၂ ဆင်းပြီး တပ်ထောက်ဗိုလ် ကြီးသင်တန်း အမှတ်စဉ် ၃၉ မှာ တက်ရောက်ထားသူဖြစ်တယ်လို့ သိရပါတယ်။

သူဟာ စစ်ကောင်စီ လက်အောက်မှာ တာဝန်ဆက်လက်ထမ်းဆောင်လိုခြင်းမရှိတော့တဲ့အတွက် သေနတ်ကျည်အပြည့်အစုံနဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့က အလင်းဝင်ခဲ့တာလို့  ဇန်နဝါရီ ၁၀ ရက်မှာ CDF- KKG အဖွဲ့ က ထုတ်ပြန်ထားပါတယ်။

ဗိုလ်ကြီးကောင်းသူဝင်းနဲ့ မိသားစုဝင်တွေကိုလုံခြုံစိတ်ချရတဲ့ နေရာဒေသကို ပို့ဆောင်ပြီး ထိုက်သင့်တဲ့ ဆုကြေးငွေကို ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ပြည်သူ လူထု တစ်ရပ်လုံးအပေါ် အကြမ်းဖက် လုပ်ရပ်တွေ ၊ မတရားမှုတွေကို စက်ဆုပ် ရွံရှာ တဲ့အတွက် CDM ပြုလုပ်လာတာလို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up