close

လွယ်ဂျယ်-လားရင်းဂိတ် ပြန်ဖွင့်၊ ပိတ်မိကား ရာချီ ဝင်ထွက်ခွင့် မပြုသေး

လွယ်ဂျယ်-လားရင်း နှစ်နိုင်ငံကုန်သွယ်ရာဂိတ်ကို ဖွင့်လှစ်ခဲ့ပေမယ့် ပိတ်မိနေတဲ့ ကားတွေ ရာချီ ဝင်၊ ထွက်ခွင့် မပြုသေးဘူးလို့ ကုန်သည် လုပ်ငန်းရှင်တွေနဲ့ ကုန်တင်ယာဉ်မောင်းတွေဆီက သိရပါတယ်။

“တရုတ်ကားတွေ အပြင်မှာ ကျန်တာ ၁၀၀ ကျော် လောက် ရှိထားတာပေါ့။ ကျနော်တို့ ဗမာကားကတော့ လားရင်းထဲမှာ အစီး ၃၇၀ လောက် ကျန်ထားတာပေါ့။  ဟုတဘက်ပိတ်မိနေတဲ့ မြန်မာကားတွေ ထွက်ခွင့်မရသေးဘူး။ ဒီဘက်မှာ ကျန်နေတဲ့ တရုတ်ကားတွေလည်း ဝင်ခွင့် မပေးသေးဘူး” လို့ လက်ရှိ တရုတ်ဘက်ပိတ်မိနေတဲ့ ကားအထွက်ကို စောင့်ဆိုင်း‌နေတဲ့ ယာဉ်မောင်း ၁ ဦးက ပြောပါတယ်။

တရုတ်ဘက်က မြန်မာဘက်ခြမ်းမှာ ကျန်ရှိ ပိတ်မိနေတဲ့ ကားအစီး ၁၀၀ ကျော်ကို ပြန်လည် ဝင်‌‌စေချင်သလို မြန်မာဘက်ကလည်း တရုတ်ဘက်ခြမ်း ပိတ်မိနေတဲ့ ၁၂ ဘီး ကုန်တင်ကား အစီး ၃၇၀ ခန့်ကို ပြန်ထွက်စေချင်နေတာကြောင့် အမြန်ဆုံးပိတ်မိကားတွေကို ဝင်၊ ထွက် နိုင်ဖို့ က ကြိုးစားနေဆဲဖြစ်ကြောင်း နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ နီးစပ်သူ ၁ ဦး က ပြောပါတယ်။

မြနမာဘက်က တရုတ်ဘက်ကို ကြံနဲ့ ငှက်ပျော အဓိက တင်ပို့ခွင့်ရပြီး ဇန်နဝါရီလ ၂၀ ရက်မနက်မှာတော့ ကြံကား အများဆုံးတင်ပို့နေပြီး တရက် ငှက်ပျောကား ၅ စီး သတ်မှတ်ထားပေမယ့် ၈ စီးလောက် ဝင်သွားတာ တွေ့ရတယ်လို့ အဲဒီ ဂိတ်ပေါက် အနီးနားရှိနေတဲ့ ကားသမားတွေက ပြောပါတယ်။

လောလောဆယ် ကြံဝင်တာပဲ တွေ့ရပြီး တရုတ်ပစ္စည်းတွေက အဝင်၊ အထွက် မရှိဘူးလို့ ကုန်သည် လုပ်ငန်းရှင်တစ်ဦးကလည်း ပြောပါတယ်။

"လွယ်ဂျယ်ဂိတ်ကနေပြီး တရုတ်ပြည်ကို ဘာတွေ အဝင်များလဲ ဆိုတော့ ဆန်ဝင်တယ်။ ငှက်ပျောသီးတွေ ဝင်တယ်။ စဖွင့်တော့ ငှက်ပျောသီးနဲ့ ဆန်ကားအစီး ၃၀ လောက် ဗမာပြည် လွယ်ဂျယ် ဂိတ်ကနေ တရုတ် ပြည်ထဲကို ဝင်သွားတယ်။ ကြံကားတွေလည်း ပါတယ်။"

တင်ပို့ ကုန်ကား‌တွေကိုတော့ ရှန်တိန်/ခေါက်တို အစားထိုး ယာဉ်မောင်းစနစ်နဲ့ ဖြစ်ပြီး နယ်စပ်ဂိတ်ပေါက်ကနေ တရုတ်ထဲကို ကရိန်းနဲ့ မယူတယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့နဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ လုံချွမ်ခရိုင်၊ လားရင်းမြို့တို့ ထိစပ်နေတဲ့ နှစ်နိုင်ငံ ကုန်သွယ်ရာ လွယ်ဂျယ်-လားရင်း ဂိတ်ကို ပြီးခဲ့တဲ့ ၂၀၂၁ ဇူလိုင် ၈ ရက်နေ့ကစ ကိုဗစ်  ‌အကြောင်းပြချက်နဲ့ ယာယီပိတ်ခဲ့တာဖြစ်ပြီးကို ၂၀၂၂ ဇန်နဝါရီ ၁၇ ရက်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up