close

အမေရိကန်ဆန့်ကျင်ကာကွယ်ရေး တိုးလုပ်မည်ဟု မြောက်ကိုရီးယားပြော

မြောက်ကိုရီးယားဟာ အမေရိကန်ကို ဆန့်ကျင်ကာကွယ်မှု မြှင့်တင်မယ် ယာယီဆိုင်းငံ့ထားတဲ့ လှုပ်ရှားမှုအားလုံးကို ပြန်စဖို့ စဉ်းစားနေတယ်လို့ မြောက်ကိုရီးယားအစိုးရ မီဒီယာ KCNA က ဇန်နဝါရီ ၂၀ မှာ ဖော်ပြပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားဗုံးနဲ့ တာဝေးပစ်ဒုံးကျည် စမ်းသပ်ရေးကို ရည်မှန်းပြောဆို သွားပုံရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

လတ်တလောမှာ မြောက်ကိုရီးယားက ဒုံးကျည်တွေ ဆက်တိုက် ပစ်ခတ်စမ်းသပ်နေလို့ တင်းမာမှု တိုးနေတာပါ။

မြောက်ကိုရီးယားအစိုးရဆီက တုံ့ပြန်မှုနောက်ပိုင်း အမေရိကန်ကလည်း ဒဏ်ခတ်မှုအသစ်တွေ ချမှတ်ဖို့ တွန်းအားပေးနေလို့ ၂၀၁၇ ခုနှစ်တုန်းက ခြိမ်းခြောက်မှု ကာလဆီ ပြန်သွားမယ့် အခင်းအကျင်းတွေ မြင့်တက်နေပါတယ်။

အမေရိကန်ရဲ့ ရန်လိုတဲ့ မူဝါဒကို တုံ့ပြန်ဆောင်ရွက်ဖို့ အပါအဝင် အရေးကြီးတဲ့ မူဝါဒကိစ္စတွေကို ဆွေးနွေးဖို့ လက်ရှိ အာဏာရ လုပ်သားပါတီရဲ့ အားကောင်းတဲ့ ပေါ်လစ်ဗျူရို အစည်းအဝေးကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ဇန်နဝါရီ ၁၉ ရက်မှာ ခေါ်ယူ ဆွေးနွေးခဲ့တယ်လို့ KCNA သတင်းမှာ ဖော်ပြပါတယ်။

ပေါ်လစ်ဗျူရိုအဖွဲ့က  ပိုအားကောင်းတဲ့ ရုပ်ပိုင်းဆိုင်ရာ နည်းလမ်းတွေကို ချက်ချင်းတိုးမြှင့်ဖို့ ဆော်ဩရင်း ယာယီဆိုင်းငံ့ထားတဲ့ လှုပ်ရှားမှုအားလုံး ပြန်စတင်ရေး စစ်ဆေးဖို့နဲ့ ယုံကြည်မှု တည်ဆောက်ရေး လုပ်ဆောင်ချက်တွေကို ပြန်စဉ်းစားဖို့ကိုလည်း အမိန့်ပေးခဲ့တယ်လို့ KCNA က ဆိုပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up