close

မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်များ ထပ်မံပစ်လွှတ်စမ်းသပ်

မြောက်ကိုရီးယားဟာ နည်းဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည်တွေကို ဇန်နဝါရီ ၁၇ ရက်က ပစ်လွှတ်စမ်းသပ်ခဲ့တယ်လို့ အစိုးရ မီဒီယာ KCNA က ဇန်နဝါရီ ၁၈ ရက်မှာ သတင်းထုတ်ပြန်တယ်။

နျူကလီးယားလက်နက်ဖြုတ်သိမ်းရေး ဆွေးနွေးပွဲတွေ ရပ်ဆိုင်းနေချိန်မှာ မြောက်ကိုရီးယားက လတ်တလော စမ်းသပ်ချက်တွေ ဆက်တိုက်လုပ်နေတာဟာ တိုးတက်နေတဲ့ ဒုံးကျည်အစီအစဉ်တွေကို ထင်ရှားအောင် ပြနေတာလို့ ရိုက်တာသတင်းဌာနက သုံးသပ်ပါတယ်။

ကာကွယ်ရေးသိပ္ပံတက္ကသိုလ်က နည်းဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည်တွေကို နိုင်ငံရဲ့ အနောက်ပိုင်း ကနေ ပစ်လွှတ်စမ်းသပ်တာ ဖြစ်ပြီး အရှေ့ဘက်ကမ်းရိုးတန်းရဲ့ ကမ်းလွန်ပင်လယ်ပြင်က ကျွန်းပေါ်က ပစ်မှတ်ကို တိတိကျကျ ထိမှန်ခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရမီဒီယာ KCNA  သတင်းဌာနက ပြောပါတယ်။

မြောက်ကိုရီးယားဟာ တာတိုပစ် ပဲ့ထိန်းဒုံးကျည် ၂ စင်းကို မြို့တော် ပြုံယမ်းက လေဆိပ်ကနေ ပစ်လွှတ်ခဲ့တာဖြစ်ပြီး ဒုံးကျည်တွေဟာ အမြင့် ၂၆ မိုင်ကနေ ၂၃၆ မိုင် အကွာအဝေးထိ ပျံသန်းခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။

အခုတချီ မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်ချက်ဟာ ၂၀၂၂ ခုနှစ်အတွင်း လေးကြိမ်မြောက်ပါ။ ခုတကြိမ်ရဲ့ အရင်ကလည်း ပစ်လွှတ်ပြီးချိန်ကျမှ အရှိန်နဲ့လမ်းကြောင်းကို ထိန်းချုပ်နိုင်စွမ်းရှိတဲ့ အသံထက်မြန်တဲ့ ဒုံးကျည်တွေ၊ မီးရထားတွဲထဲကနေ ပစ်လွှတ်နိုင်တဲ့ တာတိုပစ် ဒုံးကျည်တွေကို ပစ်လွှတ် စမ်းသပ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up