close

ပူတင်ကို အပြင်းအထန်ဝေဖန်ခဲ့သူ ဂျာမန်ရေတပ်ဦးစီးချုပ် ရာထူးက နုတ်ထွက်

အိန္ဒိယကို ရောက်ရှိနေစဉ် ရုရှားသမ္မတ ပူတင်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တဲ့ ဂျာမနီရေတပ်ဦးစီးချုပ် ဇန်နဝါရီ ၂၂ ရက်နေ့က ရာထူးမှ နုတ်ထွက်ခဲ့ပါတယ်။ 

သူ့ရဲ့ နုတ်ထွက်စာကို ဂျာမန်ကာကွယ်ရေးဝန်ကြီးက လက်ခံတယ်လို့ တွစ်တာမှာ ဖော်ပြထားပါတယ်။ 

အိန္ဒိယ Think-Tank အဖွဲ့တဖွဲ့နဲ့ ဇန်နဝါရီ ၂၁ ရက်က ဆွေးနွေးပွဲမှာ ဒုတိယဗိုလ်ချုပ်ကြီး ‘ကေ အာချင် ရွှန်းဘတ်’ က “ပူတင်ဟာ အနောက်အုပ်စုနဲ့ တန်းတူအဆင့်အတန်းရဖို့ ကြိုးစားနေတာ၊ သူက လေးစားမှု လိုချင်နေတာ၊ တစုံတဦးကို လေးစားမှု ပေးလို့ရပါတယ်။ ဘာမှ ကုန်ကျစရိတ်မရှိပါဘူး” စသဖြင့် ချိုးနှိမ်ပြောခဲ့ပါတယ်။ 

နောက်ပြီး ရုရှားဟာ ခရိုင်းမီးယားကို ဝင်သိမ်းသလိုမျိုး ယူကရိန်းဘက်က ဘယ်တော့မှ ထပ်အဖြစ်ခံမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ 

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ရွှန်းဘက်ရဲ့ ပြောဆိုမှုကို တရားဝင် တောင်းပန်သင့်ကြောင်း ဂျာမဏီကို စာပို့ခဲ့ပါတယ်။ 

ရွှန်းဘတ်က ဂျာမဏီစစ်တပ်၊ ရေတပ်နဲ့ ဂျာမဏီဖက်ဒရယ်သမ္မတနိုင်ငံကို ထိခိုက်လာမှာ ရှောင်ရှား တဲ့အနေနဲ့ ကျနော် ရာထူးက  နုတ်ထွက်ပါတယ်လို့ ကြေညာချက်ထုတ် ရေးခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up