close

ကရင်နီအမျိုးသားကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲနှစ်ကြိမ်ဖြစ်

ကယားပြည်နယ် လွိုင်ကော်နဲ့ ဒီမော့ဆိုမြို့နယ်အတွင်း ဇန်နဝါရီ ၂၂ ရက်နဲ့ ၂၃ ရက်တွေမှာ ကရင်နီအမျိုးသားကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၂၃ ရက်က ဒီမော့ဆိုမြို့နယ် ဟိုဖိတ်ကျေးရွာနဲ့ စိုက်ကွင်း ၂ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့  မနက် ၈ နာရီကနေ ညနေ ၆ နာရီ ထိ နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးတာတွေ များပြားခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဟိုဖိတ်၊သပြေတောနဲ့ စိုက်ကွင်း (၂) ကျေးရွာအတွင်းရှိ နေအိမ် ၉ လုံးကို မီးရှို့ဖျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဇန်နဝါရီ ၂၂ ရက်မွန်းလွဲပိုင်းကလည်း ဟိုဖိတ်ကျေးရွာနဲ့ သပြေတောကျေးရွာမှာ  နှစ်ဘက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကျေးရွာတွေထဲက ပြည်သူတွေကို ဖမ်းဆီးခဲ့ကာ ၂  ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အလားတူ အဲဒီနေ့ မနက်ပိုင်းက   လွိုင်ကော်မြို့နယ်၊ မုံပြာရပ်ကွက်နာမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များကို KNDF နဲ့  PDF ပူးပေါင်းမဟာမိတ်အဖွဲ့တို့ ခုခံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

လက်တလောမှာတော့ စစ်ကောင်စီတပ်တွေဟာ လွိုင်ကော်မြို့ကို စစ်ကြောင်း နှစ်ကြောင်း နဲ့ ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံဘက်ကို စစ်ကြောင်းထိုးနေတယ်လို့ KNDF သတင်းနဲ့ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up