close

မြောင်မြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး ၂၀ ၀န်းကျင်ဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှု ကြောင့် စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး အယောက် ၂၀ ၀န်းကျင် အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

မြောင်မြို့နယ် ကျောက်ရစ်ကျေးရွာကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီအင်အား ၅၀ လောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၃ ဖွဲ့ပူးပေါင်းပြီး မိုင်း ၃ လုံးခွဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကြောင်းရဲ့ အလယ်ဗဟိုကို ထိမှန်ခဲ့တာကြောင့် သေဆုံးဒဏ်ရာရခဲ့ကြတာလို့ 27 Revolution Forces(မြင်းခြံ) က ထုတ်ပြန်ထားပါတယ်။

ဒဏ်ရာရရှိတဲ့ စစ်ကောင်စီတပ်သား ၂၀ ဝန်းကျင်လောက်ကို ကျေးရွာတရွာမှာ ကုသပေးနေပြီး သေဆုံးသွားသူတွေကိုတော့ တစ်နေရာမှာမြေမြှုပ်ထားခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ပွဲကို   27 Revolution Forces(မြင်းခြံ)၊ Myaung Special People’s Defense Force (MSPDF)၊ Myaung Generation Guerilla Force (MGGF) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

မြောင်မြို့နယ် တိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီး သေဆုံးဒဏ်ရာရမှုအခြေအနေကို စစ်ကောင်စီဘက်ကတော့ သတင်းမထုတ်ပြန်သေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up