close

မြန်မာပြည်တွင် လွတ်လပ်မှုနှင့် ဒီမိုကရေစီ ပြန်လည်ရရှိစေရမည်ဟု ယူကေဝန်ကြီးချုပ်ပြော

မြန်မာနိုင်ငံမှာ လွတ်လပ်မှုနဲ့  ဒီမိုကရေစီ ပြန်လည်ရရှိစေရမယ်လို့ ယူကေဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောလိုက်ပါတယ်။

စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်တဲ့ ဒီကနေ့မှာ ယူကေဝန်ကြီးချုပ်က ထုတ်ပြန်လိုက်တာဖြစ်ပြီး ယူကေအစိုးရအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ ဆက်လက်ရပ်တည်သွားမယ်လို့ လည်း ပြောပါတယ်။

“လွန်ခဲ့တဲ့တစ်နှစ်က မြန်မာ့စစ်အာဏာရှင်ဟာ အာဏာသိမ်းခဲ့ပြီး ဒီမိုကရေစီကို နင်းချေ ဖျက်ဆီးခဲ့တယ်။ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ရေးအကြမ်းဖက်မှုတွေ၊ လူသားချင်းစာမှုဆိုင်ရာ အကျပ်အတည်းတွေနဲ့ နိုင်ငံရေးအတိုက်အခံတွေ ဖမ်းဆီးထိန်း သိမ်းခံရတာတွေကို ရင်ဆိုင်နေကြရတဲ့  မြန်မာပြည်သူတွေနဲ့အတူ ကျနော်တို့ ယူကေအ စိုးရက ဆက်လက်ရပ်တည်သွားမှာ ဖြစ်ပါတယ်။”

ဒါ့အပြင် မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းဆီသို့ အမြန်ဆုံး ပြန်လည် ပို့ဆောင်ဖို့  ရောပသပဂ္ဂ(အီးယူ)နဲ့ ကမ္ဘာ့နိုင်ငံပေါင်း ၉ နိုင်ငံက မြန်မာ စစ်အာဏာရှင်ကို ထပ်မံတောင်း ဆိုလိုက်ပါတယ်။

ဥရောပသမဂ္ဂကိုယ်စား အဆင့်မြင့်ကိုယ်စားလှယ်နဲ့ အဲလ်ဘေးနီးယား၊ သြစတေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေး၊ ကိုရီးယား၊ ဆွစ်ဇာလန်၊ ယူကေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု တနှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၁ ရက်မှာ  ပူးတွဲထုတ်ပြန် တောင်းဆိုလိုက်တာပါ။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့  မနက်အစောပိုင်းက နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်း ဆောင် ပိုင်းတချို့ကို စစ်တပ်ကဖမ်းဆီးလိုက်ကာ နိုင်ငံတော်အာဏာ သိမ်းယူလိုက် ပြီးနောက် တနေ့မှာပဲ ပြည်သူတွေဟာ ညစဉ်သံပုံးတီးဆန့်ကျင်တာတွေ၊ ဖယောင်းတိုင် မီးထွန်းဆုတောင်းပွဲတွေနဲ့အတူ အကြမ်းမဖက်တဲ့နည်းနဲ့ ဆန္ဒပြခဲ့ကြတာပါ။

တဆက်တည်းမှာပဲ စစ်တပ်ရဲ့ အာဏာသိမ်းလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ ဆေးလောကသားတွေက စတင်ကာ  အာဏာဖီဆန်ရေးလှုပ်ရှားမှု(Civil Disobedience Movement)ကို လုပ်ဆောင်နေကြတာ ဖြစ်ပြီး လက်ရှိမှာတော့ တခြား ကဏ္ဍအသီးသီးက ပြည်သူ့ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေကပါ ပူးပေါင်း ပါဝင်လှုပ်ရှားခဲ့ကြတာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပြည်သူတွေ မြို့ရွာအနှံ့ ပါဝင်နေခဲ့ကြပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှု တွေနဲ့ အခြေအနေတွေ ပိုမိုတင်းမာလာနေခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၇ ရက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ်စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန် တိုက်ဖျက်ကြဖို့ ကြေညာထားခဲ့ပြီး နိုင်ငံတဝန်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အ ကြမ်းဖက်စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေတာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ ထုတ်ပြန်ချက် အရ လက်ရှိအချိန်ထိ အကြမ်းဖက်စစ်ကောင်စီတပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ ၁၅၀၃ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံ ရသူပေါင်း ၁၁၈၃၈ ယောက်ထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up