close

တနှစ်အတွင်း ကရင်နီပြည်နယ်၌ တိုက်ပွဲ ၁၅၆ ကြိမ်ဖြစ်ပွား၊ အရပ်သား ၂၅၀ ကျော်ကျဆုံး

စစ်အာဏာသိမ်းကာလ တစ်နှစ်တာအတွင်း ကရင်နီပြည်နယ်ထဲမှာ တိုက်ပွဲအကြိမ်ရေ ၁၅၆ ကြိမ် ဖြစ်ပွားခဲ့ပြီး အရပ်သားပြည်သူ ၂၅၄ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF)၊ သတင်းနှင့်ပြန်ကြားရေးဗျူရိုက ကရင်နီပြည်ရဲ့ စစ်ရေး၊ နိုင်ငံရေးနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေနဲ့ ပတ်သက်ပြီး ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

ကျဆုံးပြည်သူတွေထဲမှာ အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၁၅ ယောက်ပါဝင်ပြီး ဒီ မော့ဆိုမြို့နယ်က ၁၁၆ ယောက်နဲ့ အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ဒီစာရင်းဟာ ဒေသတွင်း တိုက်ပွဲတွေ စတင်ဖြစ်ပွားချိန် ၂၀၂၁ ခုနှစ်၊ မေလက စတင်စာရင်း ပြုစုထားကာ စစ်ကောင်စီဘက်က သေဆုံးသူပေါင်း ၆၅၁ ယောက်ထိ ရှိခဲ့ပြီး KNDF/KA နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဘက်ကတော့ ကျဆုံးသူ အယောက် ၆၀ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ကရင်နီဒေသတွင်းကို လေကြောင်းက တိုက်ခိုက်မှု အကြိမ်ရေ ၃၂ ကြိမ်ထိ ကျူးလွန်ခဲ့ပြီး ဒေသလံပြည်သူတွေရဲ့ နေအိမ်တွေ ၅၃၅ လုံးထိ ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းတစ်နှစ်တာအတွင်း စစ်ကောင်စီက ဖမ်းဆီးခဲ့သူအရေအတွက်ကတော့ ၂၀၇ ယောက်ထိ ရှိနေပြီး အဲဒီထဲမှာ ထက်ဝက်လောက်ကတော့ ပုဒ်မ ၅၀၅(က) နဲ့ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up