close

ရုရှားသမ္မတပူတင် မရနိုင်သည့်အရာများကို ရယူရန်ကြိုးစားနေဟု အမေရိကန် ဝေဖန်

ရုရှားသမ္မတ ဗလာဒီမီယာပူတင်ဟာ မရနိုင်တဲ့ အရာတွေကိုရဖို့ ကြိုးစားနေတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အိမ်ဖြူတော်ကို အပြန်လမ်းမှာ ဖေဖော်ဝါရီ ၆ ရက်က ပြောလိုက်ပါတယ်။

ရုရှားဟာ ယူကရိန်းကို ရက်ပိုင်း သီတင်းပတ်ပိုင်းမှာတင် ကျူးကျော်နိုင်တယ်။ ဒါပေမဲ့ သံတမန် လမ်းကြောင်းအတွက် ဆုံးဖြတ်နိုင်သေးတယ်လို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ် ဆူလီဗန်က အစောပိုင်းမှာ ပြောခဲ့ပါတယ်။

“အခုကစပြီး ဘယ်နေ့မှာမဆို ရုရှားဟာ ယူကရိန်းအပေါ် စစ်ရေးအရ အရေးယူနိုင်တယ်။ ရုရှားဟာ အဲဒီအစား သံတမန်ရေး လမ်းကြောင်းကိုလည်း လျှောက်ဖို့ ရွေးနိုင်တယ်”လို့ ဆူလီဗန်က ဖောက်စ်နယူးစ် သတင်းဌာန ဆန်းဒေး အစီအစဉ်မှာ ပြောပါတယ်။

ရုရှားဟာ ယူကရိန်းနယ်စပ်မှာ စစ်သည်အင်အား သိန်းချီ တပ်ချထားပေမယ့် ကျူးကျော်ဖို့ ပြင်ဆင်နေတာ မဟုတ်ဘူးလို့ ပြောထားပါတယ်။ ဒါပေမဲ့  သူ့ရဲ့ လုံခြုံရေး တောင်းဆိုချက်တွေ မပြည့်ဝရင်တော့ ဘယ်လိုဘယ်ပုံ မဖော်ပြတဲ့ စစ်ရေး အရေးယူတာ လုပ်နိုင်တယ်လို့ ရုရှား အစိုးရက ပြောပါတယ်။

အမေရိကန်ကတော့ နေတိုးအဖွဲ့ဝင် နိုင်ငံမဟုတ်တဲ့ ယူကရိန်းကို ကာကွယ်ဖို့ စစ်သည် စေလွှတ်မှာ မဟုတ်ဘူးလို့ ရှင်းအောင် ပြောထားပါတယ်။ ဒါပေမဲ့ ယူကရိန်းအစိုးရကို လက်နက် ထောက်ပံ့ခဲ့ပြီး အကျပ်အတည်း ခြေလွန်လက်လွန် ဖိတ်စင်မယ့် ဖြစ်နိုင်ခြေကနေ အရှေ့ဥရောပကို ကာကွယ်ဖို့ ပိုလန်နဲ့ ရိုမေးနီးယားနိုင်ငံတွေဆီ စစ်သည်အင်အား နောက်ထပ် ၃၀၀၀၀ နီးပါး စေလွှတ်မယ်လို့ အရင်အပတ်က ပြောပါတယ်။

ဒါ့အပြင် အမှတ် ၈၂ လေထီးတပ်က အဓိက ဖြစ်တဲ့ စစ်သည်အင်အား ၁၇၀၀ ကို ပိုလန်နိုင်ငံဆီ ထပ်ပို့မယ်လို့ ပင်တဂွန် စစ်ဌာနချုပ်က ဗုဒ္ဓဟူးနေ့မှာ ပြောခဲ့ပါတယ်။

နေတိုးရဲ့ မဟာမိတ် အမေရိကန်ဟာ ရုရှားကို စီးပွားရေး ဒဏ်ခတ်တာ ထပ်တိုးမယ်လို့ ခြိမ်းခြောက် ထားတာပါ။ ဒဏ်ခတ်မှုထဲမှာ ပြည်ပတင်ပို့ကုန် ထိန်းချုပ်ရေး ဆောင်ရွက်ချက်တွေ အပါအဝင် ဘဏ္ဍာရေး ဒဏ်ခတ်မှုတွေလည်း  ပါဝင်နိုင်တယ်လို့ ရိုက်တာ သတင်းဌာနက ရေးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up