close

ရန်ကုန်-ရေး-ထားဝယ် မီးရထားလမ်း သံတံတား ဖောက်ခွဲဖျက်ဆီးခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ တောင်ဘုံကျေးရွာမှာ  ရန်ကုန်-ရေး-ထားဝယ် မီးရထားလမ်း သံတံတားကို ဖေဖော်ဝါရီ ၈ ရက် မနက် ၁၀ နာရီလောက်က  ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ မွန်ပြည်နယ်အခြေပြုတော်လှန်ရေး အစည်းအရုံးက ပြောပါတယ်။

အဲဒီမီးရထားလမ်းသံတံတားဟာ စစ်ကောင်စီတပ်က ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေကို သယ်ဆောင်ရာမှာ အဓိက အသုံးပြုနေတဲ့ လမ်းကြောင်း တစ်ခုဖြစ်တဲ့အတွက်ကြောင့် ဖောက်ခွဲဖျက်ဆီးရတာလို့ ဆိုပါတယ်။

အဲဒီမီးရထားလမ်းသံတံတားကို တပ်အတွင်း ဖရဲသီးသတင်းပေးချက်အရ သွားရောက် ဖောက်ခွဲဖျက်ဆီးခဲ့တာလို့ မွန်ပြည်နယ် အခြေပြုတော်လှန်ရေး အစည်းအရုံး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

မီးရထားလမ်းသံတံတား ဖောက်ခွဲဖျက်ဆီးခံရပြီးနောက် တံတား ပြိုကျပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအစည်းအရုံးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်က ရေးမြို့နယ် တောင်ဘုံကျေးရွာက စစ်တပ်ပိုင် Mytel တာဝါတိုင်ကို အဝေးထိန်း ချိန်ကိုက်မိုင်းနဲ့ ဖောက်ခွဲဖျက်ဆီးထားပါတယ်။

ဒါ့အပြင် မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအစည်းအရုံးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်နေ့တုန်းကလည်း စမ်းသပ်ထုတ်လုပ်ထားတဲ့ တာဝေးပစ် Mortar နဲ့ ရေးမြို့နယ် ခမရ (၅၈၆)တပ်ရင်းကို နှစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up