close

ရေးမြို့နယ်တွင် စစ်တပ်ပိုင် Mytel တာဝါတိုင် ဖောက်ခွဲ ဖျက်ဆီးခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ တောင်ဘုံကျေးရွာက စစ်တပ်ပိုင် Mytel တာဝါတိုင်ကို ဖေဖော်ဝါရီ ၁ ရက် နေ့လယ် ၂ နာရီလောက်မှာ  အဝေးထိန်း ချိန်ကိုက်မိုင်းနဲ့ ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ မွန်ပြည်နယ်အခြေပြုတော်လှန်ရေး အစည်းအရုံးက DVB ကို ပြောပါတယ်။

မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအစည်းအရုံးဟာ ရေးမြို့နယ် လဝကရုံးနဲ့ အခွန်ရုံးက Non CDM ဝန်ထမ်းတွေကို သတိပေးအနေနဲ့ အဝေးထိန်း ချိန်ကိုက်မိုင်းထောင်ပြီး ဖောက်ခွဲဖို့ စီစဉ်ခဲ့တာပါ။

ဒါပေမဲ့ အဲဒီရုံးအနီးမှာ လမ်းဖွင့်ပွဲ လုပ်နေတဲ့အတွက်ကြောင့် ပြည်သူတွေ ထိခိုက်မှု မဖြစ်ပေါ်ဖို့ လူသူသွားလာမှု မရှိတဲ့ တောင်ဘုံကျေးရွာက Mytel တာဝါတိုင်ကို ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ မွန်ပြည်နယ်အခြေပြုတော်လှန်ရေး အစည်းအရုံး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

အဲဒီဖောက်ခွဲမှုကြောင့် Mytel တာဝါတိုင် စက်ခန်းနဲ့ ဆက်သွယ်ပစ္စည်းတချို့ ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး။

မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအစည်းအရုံးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်နေ့တုန်းကလည်း စမ်းသပ်ထုတ်လုပ်ထားတဲ့ တာဝေးပစ် Mortar နဲ့ ရေးမြို့နယ် ခမရ (၅၈၆)တပ်ရင်းကို နှစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up