close

၈ လခွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၈၆၀၀ ကျော်သေဆုံးဟု NUG ထုတ်ပြန်

ပြည်သူ့ခုခံတော်လှန်စစ် အချိန် ၈ လခွဲကာလအအတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံးသူ ၈၆၀၄ ယောက်ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၀၃၃ ယောက်ထိ ရှိခဲ့တယ်လို့ အမျိုး သားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်၊ ဇွန် ၁ ရက်ကနေ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်အထိ ရရှိတဲ့ အချက်အလက်တွေကို အခြေခံကာ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တာဖြစ်ပြီး မြေပြင်မှာတော့ ဖော်ပြထားတဲ့ ကိန်းဂဏန်းတွေထက် ပိုမိုဖြစ်ပွားနိုင်တယ်လို့ ဆိုပါတယ်။

အရပ်သားထိခိုက်သေဆုံးမှုအနေနဲ့ကတော့ လတ်တလောအချိန်ထိ သေဆုံးသူ ၁၇၂၅ ယောက်၊ ထိခိုက်ဒဏ်ရာရသူ ၁၀၀၆ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူ ၄၉၉၉ ယောက်ထိ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိကာလမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ် ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲ နေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီး တိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up