လူ ၅၀ ကျော် သေဆုံးခဲ့သည့်ဗုံးခွဲမှုအတွက် ၃၈ ဦးကို အိန္ဒိယ သေဒဏ်ပေး

အိန္ဒိယနိုင်ငံ၊ အာမဒ်ဒါဘက်မြို့မှာ ၂၀၀၈ ခုနှစ်က လူအယောက် ၅၀ ကျော် သေဆုံးခဲ့တဲ့ ဗုံးခွဲမှုတွေ အတွက် အိန္ဒိယတရားရုံးက မွတ်စလင် အမျိုးသား ၃၈ ယောက်ကို သေဒဏ်နဲ့ နောက် ၁၁ ယောက်ကို ထောင်ဒဏ်တသက်တကျွန်း ပြစ်ဒဏ်တွေ ဖေဖော်ဝါရီ ၁၈ ရက်က ချမှတ်လိုက်တယ်လို့ ရှေ့နေတွေက ပြောပါတယ်။
ဟိန္ဒူနဲ့ မွတ်စလင် အဓိကရုဏ်းတွေ ၂၀၀၂ ခုနှစ်က ဖြစ်ခဲ့တဲ့ အိန္ဒိယအနောက်ပိုင်း ဂူဂျာရတ် ပြည်နယ်မှာ ပေါက်ကွဲမှုတွေ ဆိုးဆိုးရွားရွားဖြစ်ခဲ့လို့ လူထောင်ချီ သေဆုံးခဲ့တယ်လို့ ယုံကြည်ရပြီး သေဆုံးသူ အများစုက မွတ်စလင်တွေ ဖြစ်ခဲ့ပါတယ်။
၂၀၀၈ ဇူလိုင် ၂၆ ရက်က ပေါက်ကွဲမှုတွေအတွက် သူတို့မှာ တာဝန်ရှိတယ်လို့ အိန္ဒိယ မူဂျာဟစ်ဒင်လို့ ခေါ်တဲ့ အုပ်စုက အခိုင်အမာ ပြောခဲ့ပါတယ်။
အပြစ်မရှိတဲ့သူတွေ သေဆုံးခဲ့ရတဲ့ အရှားပါးဆုံးအမှုလို့ အစိုးရရှေ့နေတွေက ရည်ညွှန်းရင်း သေဒဏ်ပေးဖို့ အစိုးရရှေ့နေတွေက ဖိအားပေးခဲ့အပြီး တရားသူကြီး အေအာရ်ပတေးက ပြစ်ဒဏ်တွေကို အမိန့်ချခဲ့တာပါ။
ခုခံ လျှောက်လဲသူတွေဘက်က ရှေ့နေကတော့ အထက်ရုံးမှာ ပြစ်ဒဏ်ကို အယူခံဝင်မယ်လို့ ပြောခဲ့ပါတယ်။