နိုင်ငံရေးပဋိပက္ခများကြောင့် စီးပွားရေးပြန်နာလန်ထရန် အတားအဆီးဖြစ်နေဟု G-20 ပြော

ငွေကြေးဖောင်းပွမှု မြင့်တက်ခြင်းနဲ့ ပထဝီနိုင်ငံရေးပဋိပက္ခတွေက ကမ္ဘာ့စီးပွားရေး နာလန်ပြန်ထနိုင်ဖို့ အတားအဆီး ဖြစ်နေတယ်လို့ ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံ ၂၀ (G-20) ဘဏ္ဍာရေးဝန်ကြီးတွေက ပြောလိုက်ပါတယ်။
ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ အွန်လိုင်းကနေ အစည်းအဝေးလုပ်ခဲ့တဲ့ G20 ဘဏ္ဍာရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ ယူကရိန်းအကျပ်အတည်းနဲ့ ကိုဗစ်-၁၉ ပြဿနာက လွှမ်းမိုးနေခဲ့တာပါ။
အင်ဒိုနီးရှား ဘဏ္ဍာရေးဝန်ကြီး သီရိမူလယာနီ အိန္ဒြာဝတီက ကမ္ဘာ့စီးပွားရေးဟာ ပြန်နာလန်ထလာပေမဲ့ နိုင်ငံအားလုံး ပြန်ထူထောင်လာလာတာ မဟုတ်ကြောင်း၊ ယူကရိန်း ပြဿနာက စီးပွားရေးနဲ့ ဘဏ္ဍာရေးအပေါ် ဂယက်ရိုက်မှုရှိပြီး ကမ္ဘာ့စီးပွားရေး ပြန်နာလန်ထမှုကို သက်ရောက်မှာ ဖြစ်ကြောင်း ပြောပါတယ်။
အစည်းအဝေးမှာ ဝင်ငွေ့နိမ့်နိုင်ငံတွေအပေါ် ကြွေးမြီလျှော့ပေါ့ရေးနဲ့ပတ်သက်ပြီး သဘောထား ကွဲလွဲမှုတွေရှိခဲ့ပြီး ကြေညာချက်တစုံတရာ ထုတ်ပြန်တာတော့ မရှိသေးပါဘူး။