close

ရေးမြို့နယ်တွင် တရက်တည်း ကိုဗစ်-၁၉ စံချိန်တင် ကူးစက်

မွန်ပြည်နယ် ရေးမြို့နယ်မှာ ဖေဖော်ဝါရီ ၂၀ ရက်နေ့ တရက်တည်း ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာ ၄၀ ဦးအထိ စံချိန်တင် ပြန်လည်ကူးစက်ခံခဲ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေး ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြထားပါတယ်။

ရေးမြို့မရဲစခန်းက အချုပ်သား ၂၇ ဦးအထိ ကိုဗစ်-၁၉ ကူးစက်ခံရပြီး ရေးဆေးရုံက ကျန်းမာရေး၀န်ထမ်းတွေက ထပ်မံ ၆ ဦး၊  ကျန်လူနာတွေကတော့ အနမ်းပုန်းကျေးရွာနဲ့ ဒူးယား ကျေးရွာတွေက ဖြစ်ပါတယ်။

ကိုဗစ် ကူးစက်ခံထားရသူတွေကို ဆေးရုံသီးသန့်ဆောင်တွေမှာ ထားရှိကုသပေးနေပြီး ထိတွေ့ထားသူတွေကို နေအိမ်တွေမှာ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားတယ်လို့ ဒေသခံ ပရဟိတသမားတွေက ပြောပါတယ်။

စစ်ကောင်စီ ကျန်းမာ‌ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မွန်ပြည်နယ်မှာ ကိုဗစ်တတိယလှိုင်းအတွင်း အတည်ပြုလူနာ ၁၇၆၀၀ ကျော်နဲ့ သေဆုံးသူ ၁၄၀၀ ကျော်အထိ ရှိပါတယ်။

ကမ္ဘာပေါ်တွင် လက်ရှိ ကိုဗစ်ဖြစ်ပွားမှုအားလုံးရဲ့ ၉၈.၃ ရာခိုင်နှုန်းဟာ အိုမီခရွန်ဖြစ်ပြီး ကျန် ၁.၇ ရာခိုင်နှုန်းက ဒယ်လ်တာဖြစ်တယ်လို့ WHO က အသိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up