close

မန္တလေးကျုံးအရှေ့ဘက်တွင် စစ်ကောင်စီတပ်ကား ၁ စီး မိုင်းခွဲတိုက်ခိုက်ခံရ

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ကျုံးအရှေ့ဘက် ၆၆ လမ်း၊ ၂၂ လမ်းနဲ့ ၂၃ လမ်းကြား မြန်မာ့စာတိုက်ရုံးရှေ့မှာ ဖေဖော်ဝါရီ ၂၅ ရက် နေ့လယ် ၁ နာရီကျော်လောက်က စစ်ကောင်စီတပ်ကားတစ်စီး မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

ကားပေါ်မှာ စစ်တပ်ပိုင် ရတနာပုံသတင်းစာတိုက်က တပ်ကြပ်ကြီးနှစ်ယောက် လိုက်ပါလာတာဖြစ်ပြီး မိုင်းပေါက်ကွဲမှုကြောင့် ကားမှန်တွေ ပျက်စီးသွားပေမဲ့ လူ ထိခိုက်ဒဏ်ရာတာမရှိဘူးလို့ သိရပါတယ်။

နန်းရှေ့ရပ်နေ ပြည်သူတစ်ဦးက“နန်းရှေ့ဘက်ကနေတော့ ဗုံးသံကြားလိုက်တယ်။ ကွဲတဲ့ နေရာက အမျိုးသားကဇာတ်ရုံနဲ့လည်းနီးတယ်။ ၁၉ လမ်းဘက်မှာလည်း စစ်သားတွေရှိတယ်။”လို့ ဆိုပါတယ်။

ဒါ့အပြင် ပေါက်ကွဲမှုဖြစ်တဲ့နေရာအနီး လမ်းလယ်ကျွန်းမှာလည်း မပေါက်ကွဲသေးတဲ့ ချိန်ကိုက်မိုင်းတစ်လုံးထပ်မံတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၂၃ ရက် ညနေ ၅ နာရီဝန်းကျင်ကလည်း မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မနော်ဟရီလမ်း (လမ်း ၁၁၀) ၊ ၄၇ လမ်း အနီးမှာ စစ်ကောင်စီတပ်ကား ၂  စီး ဗုံးပစ်ခံခဲ့ရပါ။

စစ်ကောင်စီတပ်ကားတွေဟာ မနော်ဟရီလမ်းအတိုင်း အနောက်ကနေ အရှေ့ကို မောင်းလာတာဖြစ်ပြီး မနော်ဟရီလမ်း (လမ်း ၁၁၀) ၊ ၄၅ လမ်း နဲ့ ၄၆ လမ်းကြားရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို သွားတာဖြစ်တယ်လို့ သိရပါတယ်။

“ဗုံးသံကတော့ အကျယ်ကြီးကြားတယ်။ ထိခိုက်ဒဏ်ရာရတာတော့ မကြားဘူး။ စစ်သားတွေကလည်း သေနတ်နဲ့ သုံးလေးချက် ပစ်တယ်။” လို့ ရပ်ကွက်နေပြည်သူတစ်ဦး က ပြောပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီလ ၂၃ ရက် ည ၈ နာရီကျော်က သိပ္ပံလမ်း၊ ၆၆ လမ်းနဲ့ ၆၇ လမ်းကြားရှိ ကမ္ဘောဇဘဏ် က ATM စက်မှာ ဗုံးပေါက်ကွဲခဲ့ပါတယ်။

ဘဏ်အကောင့်များကို စစ်ကောင်စီအလိုကျ အကြောင်းပြချက်မရှိ ပိတ်တာတွေလုပ်တဲ့အတွက် Mandalay People Rescue(MPR)နဲ့ Mother Son Mandalay Forceတို့ က ပူးပေါင်းဖောက်ခွဲတာလို့ ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up