close

ရုရှား-ယူကရိန်းစစ်ပွဲကြောင့် ကမ္ဘာ့စီးပွားရေးအပေါ် ရိုက်ခတ်မှု ကြီးမားလာ

ရုရှားက ယူကရိန်းကို အလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်တဲ့ ကြာသာပတေးနေ့မှာ ကမ္ဘာ့စီးပွားရေးပေါ် ဂယက်ရိုက်မှုတွေ အများကြီးဖြစ်ခဲ့တာပါ။

အဲဒီနေ့မှာပဲ ရုရှားကုန်သွယ်ရေး RTS စတော့ညွှန်းကိန်းက ၃၉ ရာခိုင်နှုန်းထိ စံချိန်တင် ထိုးကျသွားပါတယ်။ 

ကမ္ဘာတလွှား စီးပွားရေးတွေ ပြန်ထူထူထောင်ထောင် ဖြစ်နေချိန်မှာ ရုရှားရူဘယ်ငွေကြေးတန်ဖိုးက အနိမ့်ဆုံး ရောက်ရှိသွားပါတယ်။ စစ်ပွဲကြောင့် ဥရောပနဲ့ အာရှမှာ ရွှေနဲ့ အစိုးရငွေတိုက်စာချုပ်တွေ အောင်ပွဲခံနေပါတယ်။

စစ်ပွဲကြောင့် ဖေဖော်ဝါရီ ၂၄ ရက်က ရေနံစည်တစည်ကို ၁၀၅ ဒေါ်လာ အမြင့်ဆုံးတက်သွားပါတယ်။ ၂၀၁၄ နောက်ပိုင်း တစည် ဒေါ်လာ ၁၀၀ အထိတက်တာ ပထမဆုံးအကြိမ်ပါ။ စွမ်းအင်ဈေးနှုန်းကြီးမှုကြောင့် ထိခိုက်နစ်နာရသူတွေက နေ့စဉ်ဝယ်ယူအသုံးပြုသူတွေပါ။

အမေရိကန်ဈေးကွက်မှာ ဂျုံတအိတ်ကို ၉ ဒဿမ ၄၃ ဒေါ်လာ တက်သွားပါတယ်။ ၁၄ နှစ်နီးပါးအတွင်း အမြင့်ဆုံးတက်သွားတာပါ။ ယူကရိန်းနဲ့ ရုရှားတို့ဟာ တကမ္ဘာလုံးကို ဂျုံတင်ပို့မှု ၁၅ ရာခိုင်နှုန်း ရှိနေတာမို့ပါ။

ထူးခြားတဲ့ကိန်းဂဏန်းတခုကတော့ သမ္မတဟောင်းဒေါ်နယ်ထရမ့် တည်‌ထောင်လိုက်တဲ့ လူမှုကွန်ရက် မီဒီယာအသစ် ‘Truth Social’ app ကို အင်္ဂါနေ့တရက်တည်းမှာတင် ဒေါင်းလုပ်လုပ်သူ ၁ သိန်း ၇ သောင်း ရှိပါတယ်။ Apple App Store ကနေ တရက်အတွင်း ဒေါင်းလုပ်လုပ်မှု အများဆုံး အရေအတွက်ပါ။

ဂျာမန်ကား ပေါရှာ (Porsche) ကုမ္ပဏီရဲ့တန်ဖိုးကတော့ ဒေါ်လာ ၁၀၂ ဘီလီယံအထိ တက်သွားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up