ဂွါတီမာလာနယ်စပ်အနီး ကမ်းရိုးတန်းတွင် ကိုကင်း ၁ ဒသမ ၁၂ တန် သိမ်းဆည်းရမိ

7
ဂွါတီမာလာ နယ်စပ်နားက ချီယာပတ်စ်ကမ်းရိုးတန်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ကိုကင်း ၁ ဒသမ ၁၂ တန် သိမ်းဆည်းရမိခဲ့တယ်လို့ မက္ကဆီကိုရေတပ်က မတ်လ ၁ ရက်မှာ ပြောပါတယ်။
ရေတပ်မော်တော်ဘုတ်တွေနဲ့ အရာရှိတွေက ပွာတိုချီယာပတ်စ်မြို့နားက ပင်လယ်ပြင်မှာ မျောနေတဲ့ ဒါဇင်နဲ့ချီတဲ့ အိတ်တွေကို လိုက်ဆယ်နေပုံ ရုပ်သံကိုလည်း ပြသပါတယ်။
လှေ ၂ စီးနဲ့ သံသယရှိသူ ၇ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ မက္ကဆီကိုရေတပ် အတွင်းဝန်ရုံးက ကြေညာချက် ထုတ်ပြန်ပါတယ်။
သံသယရှိသူတွေနဲ့ သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေကို ဒေသခံ အာဏာပိုင်တွေဆီ လွှဲပေးပြီးပြီလို့ ရိုက်တာ သတင်းဌာနက ထုတ်ပြန်ထားပါတယ်။