close

ပခုက္ကူမြို့နယ် လျှပ်စစ်ရုံး ဗုံးခွဲတိုက်ခိုက်ခံရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ မတ်လ ၃ ရက် ညနေပိုင်းက မြို့နယ်လျှပ်စစ်ရုံး ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ပခုက္ကူPDF တပ်ဖွဲ့ကနေ သိရပါတယ်။

ပခုက္ကူမြို့နယ်လျှပ်စစ်ရုံးကို ဒီကနေ့ ညနေ ၆နာရီခွဲလောက်မှာ ပခုက္ကူPDF က ဗုံးခွဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုရှိနိုင်တယ်လို့ PPDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

လျှပ်စစ်ရုံးက Non CDM ဝန်ထမ်းတွေအနေနဲ့ ပြည်သူလူထုဆီကနေ လျှပ်စစ်မီတာခတွေ အတင်းအကျပ်ကောက်ခံနေသလို မီတာမဆောင်တဲ့နေအိမ်တွေကိုလည်း လျှပ်စစ်မီးဖြတ်တောက်မယ်လို့ ခြိမ်းခြောက်နေတာကြောင့် ဗုံးခွဲ သတိပေးခဲ့တာလို့ဆိုပါတယ်။

ဒါအပြင် စစ်အာဏာရှင်ကျဆုံးရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ကဗျာဆရာ ကေဇဝင်းကို စစ်ကောင်စီက အကြမ်းဖက်သတ်ဖြတ်ခဲ့တာ ဒီကနေ့  မတ်လ ၃ ရက်မှာ တစ်နှစ်ပြည့်တဲ့နေ့ဖြစ်လို့ ကဗျာဆရာ ကေဇဝင်းကို အောက်မေ့သတိရတဲ့အနေနဲ့ "ကေဇဝင်းစစ်ဆင်ရေး"ပထမအဆင့် ဒုတိယအကြိမ် ဗုံးခွဲတိုက်ခိုက်ခဲ့တာလို့ပြောပါတယ်။

PPDF အနေနဲ့ စစ်ကောင်စီအပါအဝင် သူတို့ရဲ့ အဓိကဒေါက်တိုင်တွေကို အရှိန်ဟုန်မြှင့် တိုက်ခိုက်သွားမှာဖြစ်သလို မိဘပြည်သူတွေအနေနဲ့လည်း စစ်အုပ်စုနဲ့ နီးစပ်တဲ့နေရာတွေကို မသွားလာကြဖို့ သတိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up