close

လူအစုလိုက်အပြုံလိုက်သေဆုံးမှုမဖြစ်စေရေး လေယာဉ်မပျံသန်းရဇုန် လိုအပ်ဟု ယူကရိန်းသမ္မတပြော

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ယူကရိန်းကို ကာကွယ်ဖို့ လေယာဉ်မပျံသန်းရဇုန်ကို သဘောမတူခဲ့ပါက အစုလိုက်အပြုံလိုက်သေဆုံးမှု လူသားဆိုင်ရာ ကပ်ဘေးအတွက် အဓိကတာဝန်ခံရလိမ့်မယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက  ပြောလိုက်ပါတယ်။ 

နေ့စဉ်ထုတ်လွှင့်နေတဲ့ ဗွီဒီယိုမိန့်ခွန်းကနေ ယူကရိန်းသမ္မတက “ရုရှားက  ဒုံးကျည်တွေ၊ ရဟတ်ယာဉ်တွေ၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ကျနော်တို့မြို့ကြီးတွေကို စစ်ဆင်နေတယ်။ အခြေခံအဆောက်အဦတွေ အကုန်ဖျက်ဆီးပစ်နေတယ်။ ကောင်းကင်ကို ပိတ်မထားဘူးဆိုရင် အားလုံး ကံဆိုးမိုးမှောင်ကျဖို့ပဲ ရှိတယ်။ နိုင်ငံတကာအသိုင်းမှာ လူသားချင်းစာနာမှုနဲ့ ကာကွယ်ပေးဖို့ တာဝန်ရှိပါတယ်။ ဒါပေမဲ့ အခုထိ ဘာဆုံးဖြတ်ချက်မှ မချနိုင်ဘူး” လို့ ပြောပါတယ်။

ရုရှားတိုက်ခိုက်မှုကို တုံ့ပြန်ဖို့အတွက် ယူကရိန်းက အနောက်နိုင်ငံတွေကို ဖိုက်တာဂျက်လေယာဉ်တွေ တောင်းခံနေတာပါ။ 

အမေရိကန်လွှတ်တော်အမတ်တွေကလည်း တိုက်လေယာဉ်တွေ အကူညီပေးဖို့ သမ္မတဂျိုင်းဘိုင်ဒင်ကို တိုက်တွန်းထားပါတယ်။ 

ပိုလန်နိုင်ငံက ရုရှားလုပ် MIG-29 တိုက်လေယာဉ်တွေ အကူညီပေးဖို့ ကမ်းလှမ်းပေမယ့် အမေရိကန်အစိုးရက လက်ခံနိုင်ဖွယ်မရှိ ဆိုပြီး ပယ်ချခဲ့ပါတယ်။ 

ယူကရိန်းသမ္မတကတော့ ဇလန်းစကီးကတော့ “ ခင်ဗျားတို့ ဘယ်တော့မှ ဆုံးဖြတ်ချကြမှာလဲ” လို့ မေးခွန်းထုတ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up