ရုရှားနှင့် ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ၂ ဦးတို့ တူရကီ၌ တွေ့ဆုံ

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့ဗ်နဲ့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမက်ထရို ကူလက်ဗာတို့ မတ်လ ၁၀ ရက်က တူရကီနိုင်ငံမှာ တွေ့ဆုံခဲ့ပါတယ်။
နှစ်ဖက် ဆန့်ကျင်ဘက် မျက်နှာချင်းဆိုင်ထိုင်ခဲ့ပြီး တူရကီနိုင်ငံခြားရေးဝန်ကြီးက နှစ်ဖက်ကြား ဖျန်ဖြေဖို့ ကြိုးစားခဲ့တာပါ။
ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးက အစည်းအဝေးကနေ အပစ်ရပ်သဘောတူဖို့ ပြင်းပြင်းထန်ထန် ပြောခဲ့ပါတယ်။
သူက ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးကို “စိတ်ကောင်းစိတ်မြတ်နဲ့ ဆွေးနွေးစေချင်ပါတယ်၊ ဝါဒဖြန့်စကားတွေ မကြားချင်ပါဘူး” လို့ စပြောခဲ့ပါတယ်။
တူရကီနိုင်ငံဟာ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး နှစ်ဖက်ကြား ကြားဝင် စေ့စပ်ဖို့ အကြိမ်ကြိမ် ကြိုးစား နေတာပါ။
အမေရိကန်နဲ့ ရုရှား ထိပ်တန်းသံတမန်တွေကြား မကြာခင်က ဆွေးနွေးမှုတွေကိုလည်း အိမ်ရှင်အနေနဲ့ လက်ခံဆောင်ရွက်ပေးခဲ့ပါတယ်။