close

သင်္ဃန်းကျွန်း ကမ္ဘောဇဘဏ်ခွဲ ATM စက် မီးရှို့ခံရပြီး မီးလောင်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ ၂၄ ရပ်ကွက်၊ သံသုမာလမ်းနဲ့ ပဒုမ္မာလမ်းထောင့်မှာရှိတဲ့ ကမ္ဘောဇဘဏ်ခွဲမှာ ဒီနေ့ မတ်လ ၁၁ ရက် မနက် ၄ နာရီလောက်က မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

အမည်မသိလူနှစ်ယောက်က ဘဏ်ရှေ့မှာရှိတဲ့ ATM စက်ကို မီးရှို့ရာက ဘဏ်ကို မီးကူးစက် လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်ထားတဲ့ ATM စက်အနီးမှာလည်း ဓာတ်ဆီပုံးတပုံး သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

Level 1 အဆင့် မီးလောင်ခဲ့တာဖြစ်ပြီး  မီးသတ်ယာဉ်၊ ရေသယ်ယာဉ် ၁၂ စီးနဲ့ ငြှိမ်းသတ်ခဲ့လို့ မနက် ၅နာရီကျော်လောက်မှာ  မီးငြိမ်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးကိုတော့ အတိအကျ မသိရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up